အစ္ကိုျဖစ္သူ ဟန္ထူးလြင္ကို ေၾကာင္တဲ့ အမ်ိဳးသမီးေတြေၾကာင့္ အလုပ္ပ်က္ အကိုင္ပ်က္ျဖစ္ေနျပီဆိုတဲ့ ဟန္ေနလြင္လြင္

အဆိုေတာ္ၾကီး ရင္ဂိုရဲ့ သားနဲ့ သမီးျဖစ္တဲ့ ဟန္ထူးလြင္နဲ့ ဟန္ေနလြင္လြင္တို့က ဖခင္ျဖစ္သူရဲ့ ေျခရာကိုနင္းျပီး အနုပညာေလာကထဲမွာ ေအာင္ျမင္စြာရပ္တည္ေနသူေတြျဖစ္ပါတယ္။ ဟန္ထူးလြင္က Big Bag Band နဲ့အတူတူ သီခ်င္းေတြ သီဆိုေနသလို ဟန္ေနလြင္လြင္ကေတာ့ သူမရဲ့ Hannay and The Zens Band နဲ့အတူတူ သီခ်င္းေတြ သီဆိုဖန္တီးေနတာပဲ ျဖစ္ပါတယ္။ ဟန္ထူးလြင္နဲ့ ဟန္ေနလြင္လြင္တို့ ေမာင္နွမနွစ္ေယာက္ကေတာ့ စိတ္တူ ကိုယ္တူ ဝါသနာတူၾကတာေၾကာင့္ အျခားေမာင္နွမေတြထက္ ပိုျပီး ရင္းနွီးၾကတာပဲ ျဖစ္ပါတယ္။

မၾကာေသးခင္အခ်ိန္ကမွာ ဇနီးနဲ့ကြာရွင္းထားတဲ့ ဟန္ထူးလြင္က အခုဆိုရင္ လူလြတ္တစ္ေယာက္ျဖစ္ေနတာေၾကာင့္ အမ်ိဳးသမီးတခ်ိဳ့ရဲ့ မ်က္စိက်ခံေနရတာပဲ ျဖစ္ပါတယ္။ ထိုအေၾကာင္းနဲ့ ပက္သတ္ျပီး ဟန္ေနလြင္လြင္က အလုပ္ပ်က္ အကိုင္ပ်က္ျဖစ္ေနျပီဆိုတဲ့အေၾကာင္းကို “အစ္ကို့ကို ဖြန္ေၾကာင္တာလည္း ေၾကာင္ေပါ့ေနာ္.. Delivery ေတြကို ခူးခူးေက်ာင္း အလုပ္ Phone Number မေပးပါနဲ့လား အစ္မတို့ရယ္ေနာ္.. မအားလို့ပါ” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားလာတာပဲ ျဖစ္ပါတယ္။

ဟန္ထူးလြင္ကေတာ့ တရားဝင္ကြာရွင္းထားခဲ့တာ လအေတာ္ၾကာရိွခဲ့ျပီျဖစ္ျပီး လက္ရိွမွာေတာ့ သမီးနွစ္ေယာက္နဲ့အတူတူ အလုပ္ေတြအေပၚမွာသာ အာရံုအျပည့္အဝ စိုက္ေနရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Hannay Lwin Lwin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အစ်ကိုဖြစ်သူ ဟန်ထူးလွင်ကို ကြောင်တဲ့ အမျိုးသမီးတွေကြောင့် အလုပ်ပျက် အကိုင်ပျက်ဖြစ်နေပြီဆိုတဲ့ ဟန်နေလွင်လွင်

အဆိုတော်ကြီး ရင်ဂိုရဲ့ သားနဲ့ သမီးဖြစ်တဲ့ ဟန်ထူးလွင်နဲ့ ဟန်နေလွင်လွင်တို့က ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး အနုပညာလောကထဲမှာ အောင်မြင်စွာရပ်တည်နေသူတွေဖြစ်ပါတယ်။ ဟန်ထူးလွင်က Big Bag Band နဲ့အတူတူ သီချင်းတွေ သီဆိုနေသလို ဟန်နေလွင်လွင်ကတော့ သူမရဲ့ Hannay and The Zens Band နဲ့အတူတူ သီချင်းတွေ သီဆိုဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ဟန်ထူးလွင်နဲ့ ဟန်နေလွင်လွင်တို့ မောင်နှမနှစ်ယောက်ကတော့ စိတ်တူ ကိုယ်တူ ဝါသနာတူကြတာကြောင့် အခြားမောင်နှမတွေထက် ပိုပြီး ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။

မကြာသေးခင်အချိန်ကမှာ ဇနီးနဲ့ကွာရှင်းထားတဲ့ ဟန်ထူးလွင်က အခုဆိုရင် လူလွတ်တစ်ယောက်ဖြစ်နေတာကြောင့် အမျိုးသမီးတချို့ရဲ့ မျက်စိကျခံနေရတာပဲ ဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး ဟန်နေလွင်လွင်က အလုပ်ပျက် အကိုင်ပျက်ဖြစ်နေပြီဆိုတဲ့အကြောင်းကို “အစ်ကို့ကို ဖွန်ကြောင်တာလည်း ကြောင်ပေါ့နော်.. Delivery တွေကို ခူးခူးကျောင်း အလုပ် Phone Number မပေးပါနဲ့လား အစ်မတို့ရယ်နော်.. မအားလို့ပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာတာပဲ ဖြစ်ပါတယ်။

ဟန်ထူးလွင်ကတော့ တရားဝင်ကွာရှင်းထားခဲ့တာ လအတော်ကြာရှိခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ သမီးနှစ်ယောက်နဲ့အတူတူ အလုပ်တွေအပေါ်မှာသာ အာရုံအပြည့်အဝ စိုက်နေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Hannay Lwin Lwin’s fb
Bilie – Cele Connections

error: Alert: Content is protected !!