ဒီကေန့က်ေရာက္တဲ့ ေမြးေန့နဲ့ မဂၤလာလက္မွတ္ေရးထိုးမယ့္ေန့မွာ သြားေလသူမိခင္ၾကီးကို အနားမွာရိွေစခ်င္တယ္ဆိုျပီး ဝမ္းနည္းစြာေျပာလာတဲ့ ဘုန္းလွ်ံ

အသားျဖဴျဖဴ၊ ေထာင္ေထာင္ေမာင္းေမာင္းနဲ့ မင္းသား ဘုန္းလွ်ံကေတာ့ မိန္းကေလးေတြအၾကိဳက္ ဆြဲမက္ဖြယ္ ရုပ္ရွင္ကို ပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဘုန္းလွ်ံက အနုပညာအလုပ္ေတြနဲ့ အခ်ိန္အေတာ္ၾကာ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာျဖစ္ေပမယ့္ အခုဆိုရင္ အရင္အတိုင္း အနုပညာလႈပ္ရွားမႈေတြနဲ့အတူတူ ကိုယ္ပိုင္စီးပြားေရးအလုပ္ေတြကိုလည္း လုပ္ကိုင္ေနျပီ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ဘုန္းလွ်ံတစ္ေယာက္ အခ်ိန္အၾကာၾကီးေပ်ာက္ကြယ္သြားေပမယ့္ အရင္ကအတိုင္း မေျပာင္းလဲပဲ အားေပးေနၾကဆဲ ျဖစ္ပါတယ္။

ဒီကေန့ နိုဝင္ဘာလ (၆) ရက္ေန့ကေတာ့ ဘုန္းလွ်ံရဲ့ အသက္ (၃၈) နွစ္ျပည့္ေမြးေန့ျဖစ္သလို ခ်စ္သူနဲ့ မဂၤလာလက္မွတ္ထိုး လက္ထပ္ေတာ့မယ့္ေန့ပဲ ျဖစ္ပါတယ္။ ဘုန္းလွ်ံက သူ့ဘဝရဲ့ အေရးအၾကီးဆံုးေန့မွာ ေက်းဇူးရွင္မိခင္ၾကီးကို သတိရေနေၾကာင္း “Happy birthday to me ႏိုဝင္ဘာလ(6)ရက္ေန႔မွာ.ခက္ခဲစြာေမြးဖြားေပးခဲ့တဲ့.ခ်စ္လွစြာေသာ အေမကို ႐ိုေသေလးစားစြ ာကန္ေတာ့ ပါတယ္အေမ။ ဒီေန႔ဆိုအေမကြၽန္ေတာ့ကို ေမြးထုတ္ေပးခဲ့တာ.38 ႏွစ္ျပည့္ပါၿပီ။ ေမြးေန႔နဲ႔မဂၤလာလက္မွတ္ထိုးမဲ့ေန႔မွာ အေမကိုရွိေစခ်င္ပါတယ္..ဒါေပမယ့္🙏🙏🙏👍👍👍😍😍” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားလာပါတယ္။

ဘုန္းလွ်ံရဲ့ မိခင္ၾကီးကေတာ့ ဘုန္းလွ်ံအက်ဥ္းက်ေနဆဲအခ်ိန္မွာတင္ ကြယ္လြန္သြားခဲ့တာျဖစ္ျပီး ဘုန္းလွ်ံကိုယ္တိုင္ေတာင္မွာ ေနာက္ဆံုးခရီးကို မျမင္လိုက္ရရွာတာပဲ ျဖစ္ပါတယ္။ ဘုန္းလွ်ံရဲ့ မိခင္ၾကီးလည္း သားအတြက္ ေကာင္းရာဘံုဘဝကေန ပီတိျဖစ္ဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Bhone Hlyan’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီကနေ့ကျရောက်တဲ့ မွေးနေ့နဲ့ မင်္ဂလာလက်မှတ်ရေးထိုးမယ့်နေ့မှာ သွားလေသူမိခင်ကြီးကို အနားမှာရှိစေချင်တယ်ဆိုပြီး ဝမ်းနည်းစွာပြောလာတဲ့ ဘုန်းလျှံ

အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်းနဲ့ မင်းသား ဘုန်းလျှံကတော့ မိန်းကလေးတွေအကြိုက် ဆွဲမက်ဖွယ် ရုပ်ရှင်ကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ဘုန်းလျှံက အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပေမယ့် အခုဆိုရင် အရင်အတိုင်း အနုပညာလှုပ်ရှားမှုတွေနဲ့အတူတူ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကိုလည်း လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဘုန်းလျှံတစ်ယောက် အချိန်အကြာကြီးပျောက်ကွယ်သွားပေမယ့် အရင်ကအတိုင်း မပြောင်းလဲပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၆) ရက်နေ့ကတော့ ဘုန်းလျှံရဲ့ အသက် (၃၈) နှစ်ပြည့်မွေးနေ့ဖြစ်သလို ချစ်သူနဲ့ မင်္ဂလာလက်မှတ်ထိုး လက်ထပ်တော့မယ့်နေ့ပဲ ဖြစ်ပါတယ်။ ဘုန်းလျှံက သူ့ဘဝရဲ့ အရေးအကြီးဆုံးနေ့မှာ ကျေးဇူးရှင်မိခင်ကြီးကို သတိရနေကြောင်း “Happy birthday to me နိုဝင်ဘာလ(6)ရက်နေ့မှာ.ခက်ခဲစွာမွေးဖွားပေးခဲ့တဲ့.ချစ်လှစွာသော အမေကို ရိုသေလေးစားစွ ာကန်တော့ ပါတယ်အမေ။ ဒီနေ့ဆိုအမေကျွန်တော့ကို မွေးထုတ်ပေးခဲ့တာ.38 နှစ်ပြည့်ပါပြီ။ မွေးနေ့နဲ့မင်္ဂလာလက်မှတ်ထိုးမဲ့နေ့မှာ အမေကိုရှိစေချင်ပါတယ်..ဒါပေမယ့်🙏🙏🙏👍👍👍😍😍” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ဘုန်းလျှံရဲ့ မိခင်ကြီးကတော့ ဘုန်းလျှံအကျဉ်းကျနေဆဲအချိန်မှာတင် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဘုန်းလျှံကိုယ်တိုင်တောင်မှာ နောက်ဆုံးခရီးကို မမြင်လိုက်ရရှာတာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံရဲ့ မိခင်ကြီးလည်း သားအတွက် ကောင်းရာဘုံဘဝကနေ ပီတိဖြစ်ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Bhone Hlyan’s fb
Bilie – Cele Connections

error: Alert: Content is protected !!