ေဖာင္ၾကီးမွာ တာဝန္ထမ္းေဆာင္ေနေပမယ့္ နိုင္ငံသားတစ္ေယာက္ရသင့္တဲ့အခြင့္အေရးအတုိင္း ၾကိဳတင္ဆႏၵမဲေပးခဲ့ျပီဆိုတဲ့ ေမာင္

သရုပ္ေဆာင္ ေမာင္ကေတာ့ တရားဝင္ ေဆးကုသခြင့္ရရိွထားတဲ့ ဆရာဝန္တစ္ေယာက္ျဖစ္ျပီး အနုပညာအလုပ္ေတြ လုပ္ကိုင္စဥ္ကေတာ့ ဆရာဝန္ အလုပ္ေတြကို လက္လႊတ္ထားခဲ့တာျပီး အခုလို အနုပညာအလုပ္ေတြ ရပ္နားလိုက္ခ်ိန္မွာေတာ့ ဆရာဝန္တစ္ေယာက္အျဖစ္ တာဝန္ေတြကို ဆက္လက္ထမ္းေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ေမာင္ကေတာ့ လက္ရိွမွာေတာ့ သူကြ်မ္းက်င္တတ္ေျမာက္ထားတဲ့ ေဆးပညာနဲ့ Covid-19 အတည္ျပဳလူနာမ်ားကို အနီးကပ္ေစာင့္ေရွာက္ ကုသေပးေနတာပဲ ျဖစ္ပါတယ္။

ေဖာင္ၾကီးမွာ တစ္လတိတိ ေစတနာ့ဝန္ထမ္း ဆရာဝန္တစ္ေယာက္အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ေမာင္ကေတာ့ ေနထိုင္ရာအိမ္နဲ့ အေဝးတစ္ေနရာကို ေရာက္ရိွေနေပမယ့္ ဒီကေန့မွာေတာ့ နိုင္ငံသားတစ္ေယာက္ရသင့္တဲ့အခြင့္အေရးအတုိင္း ၾကိဳတင္ဆႏၵမဲေပးခဲ့ျပီဆိုတဲ့အေၾကာင္းကို “ဒီေန႔ ႀကိဳတင္မဲေပးခဲ့ပါၿပီ။ တစ္ခန္းထဲ အတူေနတဲ့ညီေလးေတြေတာ့ မဲစာအိပ္ေရာက္မလာေသးလို႔မေပးရေသးဘူး။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာျပလာပါတယ္။

စည္ျဖိဳးကေတာ့ သူကိုယ္တိုင္ ကိုဗစ္ေရာဂါပိုးကူးစက္ခံရျပီး ေရာဂါေပ်ာက္ကင္းသြားခ်ိန္မွာေတာ့ ေဖာင္ၾကီးမွာ ေစတနာဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဘယ္ေနရာပဲေရာက္ေရာက္ နိုင္ငံသားတစ္ေယာက္ရသင့္တဲ့အခြင့္အေရးကို အျပည့္အဝယူဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: SEIN PHYO & YI’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖောင်ကြီးမှာ တာဝန်ထမ်းဆောင်နေပေမယ့် နိုင်ငံသားတစ်ယောက်ရသင့်တဲ့အခွင့်အရေးအတိုင်း ကြိုတင်ဆန္ဒမဲပေးခဲ့ပြီဆိုတဲ့ မောင်

သရုပ်ဆောင် မောင်ကတော့ တရားဝင် ဆေးကုသခွင့်ရရှိထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေ လုပ်ကိုင်စဉ်ကတော့ ဆရာဝန် အလုပ်တွေကို လက်လွှတ်ထားခဲ့တာပြီး အခုလို အနုပညာအလုပ်တွေ ရပ်နားလိုက်ချိန်မှာတော့ ဆရာဝန်တစ်ယောက်အဖြစ် တာဝန်တွေကို ဆက်လက်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ မောင်ကတော့ လက်ရှိမှာတော့ သူကျွမ်းကျင်တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ Covid-19 အတည်ပြုလူနာများကို အနီးကပ်စောင့်ရှောက် ကုသပေးနေတာပဲ ဖြစ်ပါတယ်။

ဖောင်ကြီးမှာ တစ်လတိတိ စေတနာ့ဝန်ထမ်း ဆရာဝန်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မောင်ကတော့ နေထိုင်ရာအိမ်နဲ့ အဝေးတစ်နေရာကို ရောက်ရှိနေပေမယ့် ဒီကနေ့မှာတော့ နိုင်ငံသားတစ်ယောက်ရသင့်တဲ့အခွင့်အရေးအတိုင်း ကြိုတင်ဆန္ဒမဲပေးခဲ့ပြီဆိုတဲ့အကြောင်းကို “ဒီနေ့ ကြိုတင်မဲပေးခဲ့ပါပြီ။ တစ်ခန်းထဲ အတူနေတဲ့ညီလေးတွေတော့ မဲစာအိပ်ရောက်မလာသေးလို့မပေးရသေးဘူး။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။

စည်ဖြိုးကတော့ သူကိုယ်တိုင် ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းသွားချိန်မှာတော့ ဖောင်ကြီးမှာ စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘယ်နေရာပဲရောက်ရောက် နိုင်ငံသားတစ်ယောက်ရသင့်တဲ့အခွင့်အရေးကို အပြည့်အဝယူဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI’s fb
Bilie – Cele Connections

error: Alert: Content is protected !!