



ယူနီကုဒ်ဖြင့်ဖတ်ရန်

အရင်နဲ့မတူတော့ပဲ ဘုရားတရားကိုပိုပြီး အချိန်ပေးလုပ်ဖြစ်နေတဲ့ အစ်မဖြစ်သူ နေခြည်ဦးရဲ့ ပုံရိပ်လေးကို ပြသလာတဲ့ စိမ်းလဲ့ရတနာ

နိုင်ငံကျော် အနုပညာရှင် ဆယ်လီဘရစ်တီတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ သွက်သွက်လက်လက်ရှိပြီး ချစ်စရာကောင်းလွန်းတာကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေ ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်ပီပီ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေတတ်တဲ့ နေခြည်ဦးကတော့ ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း မမေ့လျော့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေခြည်ဦးက အလုပ်တွေပါးချိန်မှာ ဘာသာရေးကို အရင်ကထက် ပိုမိုအချိန်ပေး လုပ်ကိုင်ရင်း အေးအေးချမ်းချမ်း အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ အရင်ဆို ညဘက်တွေမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပြင်ထွက်လျှောက်လည်လေ့ရှိပေမယ့် အခုတော့ ဘုရားစင်ရှေ့မှာပဲ အချိန်ပိုကုန်ဖြစ်နေတာကြောင့် မိသားစုဝင်တွေကလည်း ပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာကလည်း အရင်နဲ့မတူတော့ပဲ ဘုရားတရားကိုပိုပြီး အချိန်ပေးလုပ်ဖြစ်နေတဲ့ အစ်မဖြစ်သူ နေခြည်ဦးရဲ့ ပုံရိပ်လေးကို အခုလိုပဲ ဗီဒီယိုလေးရိုက်ပြီး ပရိသတ်တွေဆီ ပြသလာခဲ့ပါတယ်။

နေခြည်ဦးကတော့ အသက်တစ်ရက်ကြီးလာတာနဲ့အမျှ ပိုပြီးရင့်ကျက်လာခဲ့တာ ပရိသတ်ကြီး မျက်မြင်ပါပဲနော်။ နေခြည်တစ်ယောက် ဒီထက်မက ကံကောင်ခြင်း၊ အောင်မြင်ခြင်းတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sane Let Yadanar’s fb
Bilie – Cele Connections

error: Alert: Content is protected !!