



ယူနီကုဒ်ဖြင့်ဖတ်ရန်

ထူးထူးခြားခြားအနေနဲ့ သီတင်းကျွတ်မှာ ရည်းစားဟောင်းက လာကန်တော့တာခံခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ ညီညီမောင် (စမ်းချောင်း)

မိတ်ကပ်ညီညီမောင် (စမ်းချောင်း)ကတော့ ပရိသတ်ကြီးသိတဲ့အတိုင်း မိန်းမလျာတစ်ယောက်အဖြစ် ရဲရဲဝံ့ဝံ့ရပ်တည်နေသူတစ်ယောက် ဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း) ကတော့ သူ့ဘဝရပ်တည်ချက်နဲ့ ပက်သတ်ပြီး ယုံကြည်မှုအပြည့်ရှိသူမို့ ပရိသတ်တွေက ပိုလို့တောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း) က လက်ရှိမှာ မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်သာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးပေးနေတာမို့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။

ပျော်ပျော်နေတတ်ပြီး ပွင့်လင်းရှိတဲ့ ညီညီမောင် (စမ်းချောင်း) က ဒီကနေ့မှာတော့ သူ့ရဲ့ ထူးထူးဆန်းဆန်း ရယ်စရာအဖြစ်ကို ပြောပြလာပါတယ်။ “ရည်းစားတွေထဲက တစ်ယောက်ပါပဲ ဆရာလိုအစ်မလို အမေလို သဘောထားပြီး လာကန်တော့တာ ဆုတွေအများကြီးပေးလိုက်ပါတယ်။ ဘာဆုတွေပေးမိမှန်းတော့မသိတော့ဘူး ရင်တွေတုန်ပြီး 😅 သာဓုပါတော်🙄😬😅” ဆိုပြီး ရည်းစားဟောင်းက သီတင်းကျွတ်လာကန်တော့တဲ့အကြောင်းကို ရယ်စရာပြောပြလာပါတယ်။

ညီညီမောင် (စမ်းချောင်း) ကတော့ ချစ်သူရည်းစားဟောင်းဆီက သီတင်းကျွတ် ကန်တော့ခံရတဲ့ တစ်ဦးတည်းသောသူသာ ဖြစ်လိမ့်မယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း ရည်းစားဟောင်းဆီက ကန်တော့ခံခဲ့ရတဲ့ ညီညီမောင် (စမ်းချောင်း) ရဲ့အဖြစ်ကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source:Nyi Nyi Mg- Sanchaung’s fb
Bilie – Cele Connections

error: Alert: Content is protected !!