ခ်စ္တဲ့သူကို သိန္းရာေက်ာ္တန္ပစၥည္းလက္ေဆာင္ေပးတဲ့ကိစၥနဲ့ ပက္သတ္ျပီး ေဝဖန္သူေတြအေပၚ ျပတ္ျပတ္သားသားေျပာလာတဲ့ ေဇရဲထက္

သရုပ္ေဆာင္ ေဇရဲထက္ကေတာ့ ဗီဒီယိုဇာတ္ကားေတြ ေခတ္ေကာင္းစဥ္အခါက ျပိဳင္ဘက္ကင္း ေက်ာ္ၾကားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဗီဒီယိုေစ်းကြက္ပ်က္သြားခ်ိန္မွာေတာ့ ေဇရဲထက္က အရင္ကေလာက္ အနုပညာအလုပ္ေတြ မလုပ္ကိုင္ျဖစ္ေတာ့ပဲ ကုသိုလ္ေရးကိုသာ ပိုမိုလုပ္ကိုင္ျပီး သူ့ရဲ့ဘဝကို ေအးခ်မ္းစြာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ဟန္ေဆာင္မႈမရိွ ပြင့္ပြင့္လင္းလင္းေနတတ္တဲ့ ေဇရဲထက္ေတာ့ ဒီကေန့မွာလည္း ခ်စ္သူကို သိန္းရာေက်ာ္တန္ပစၥည္းလက္ေဆာင္ေပးတဲ့ကိစၥနဲ့ ပက္သတ္ျပီး ေဝဖန္သူေတြအေပၚ ျပတ္ျပတ္သားသားေျပာလာတာကို ေတြ့ရျပန္ပါတယ္။

ေဇရဲထက္က “ကိုယ္ေတြကေတာ့ ဒဲ့ပဲ စိတ္မပါရင္ သိန္းေသာင္းခ်ီလာေပးေတာင္ စိတ္မဝင္စားဘူး။ ကိုယ္လည္း ၾကည္ျဖဴရင္ ေနာက္လွည့္မၾကည့္ဘူး ေနာင္တလည္းမရဘူး။ တတ္ႏိုင္သေလာက္ေပးမယ္။ ျပတ္သြားလည္း ခ်စ္လို႔ေပးခဲ့တာေလ။ အမွတ္တရရွိေစခ်င္လို႔ ။ သူဘာလုပ္လုပ္ မေက်နပ္လို႔ လႊင့္ျပစ္လည္း ကိုယ့္အလုပ္မဟုတ္ ေထြးျပီးသားတြံေတြးေတာ့ ျပန္မငုံတတ္ဘူး” ဆိုျပီး ျပတ္ျပတ္သားသား ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

ေဇရဲထက္ကေတာ့ ခ်စ္သူအတြက္ သိန္း (၁၀၀) တန္ဖိုးရိွတဲ့ စိန္စီထားတဲ့ လက္ပတ္နာရီတစ္လံုးကို ေမြးေန့လက္ေဆာင္အျဖစ္ ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ေဇရဲထက္က ျပီးခဲ့တဲ့ ေမလအတြင္းမွာလည္း ခ်စ္သူအတြက္ ေရႊဆြဲၾကိဳးနဲ့ ေရႊဟမ္းခ်ိန္း လက္ေဆာင္ေလးလည္း ေပးခဲ့ပါေသးတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Zay Ye Htet’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်တဲ့သူကို သိန်းရာကျော်တန်ပစ္စည်းလက်ဆောင်ပေးတဲ့ကိစ္စနဲ့ ပက်သတ်ပြီး ဝေဖန်သူတွေအပေါ် ပြတ်ပြတ်သားသားပြောလာတဲ့ ဇေရဲထက်

သရုပ်ဆောင် ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေ ခေတ်ကောင်းစဉ်အခါက ပြိုင်ဘက်ကင်း ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဈေးကွက်ပျက်သွားချိန်မှာတော့ ဇေရဲထက်က အရင်ကလောက် အနုပညာအလုပ်တွေ မလုပ်ကိုင်ဖြစ်တော့ပဲ ကုသိုလ်ရေးကိုသာ ပိုမိုလုပ်ကိုင်ပြီး သူ့ရဲ့ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ဇေရဲထက်တော့ ဒီကနေ့မှာလည်း ချစ်သူကို သိန်းရာကျော်တန်ပစ္စည်းလက်ဆောင်ပေးတဲ့ကိစ္စနဲ့ ပက်သတ်ပြီး ဝေဖန်သူတွေအပေါ် ပြတ်ပြတ်သားသားပြောလာတာကို တွေ့ရပြန်ပါတယ်။

ဇေရဲထက်က “ကိုယ်တွေကတော့ ဒဲ့ပဲ စိတ်မပါရင် သိန်းသောင်းချီလာပေးတောင် စိတ်မဝင်စားဘူး။ ကိုယ်လည်း ကြည်ဖြူရင် နောက်လှည့်မကြည့်ဘူး နောင်တလည်းမရဘူး။ တတ်နိုင်သလောက်ပေးမယ်။ ပြတ်သွားလည်း ချစ်လို့ပေးခဲ့တာလေ။ အမှတ်တရရှိစေချင်လို့ ။ သူဘာလုပ်လုပ် မကျေနပ်လို့ လွှင့်ပြစ်လည်း ကိုယ့်အလုပ်မဟုတ် ထွေးပြီးသားတွံတွေးတော့ ပြန်မငုံတတ်ဘူး” ဆိုပြီး ပြတ်ပြတ်သားသား ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ဇေရဲထက်ကတော့ ချစ်သူအတွက် သိန်း (၁၀၀) တန်ဖိုးရှိတဲ့ စိန်စီထားတဲ့ လက်ပတ်နာရီတစ်လုံးကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဇေရဲထက်က ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း ချစ်သူအတွက် ရွှေဆွဲကြိုးနဲ့ ရွှေဟမ်းချိန်း လက်ဆောင်လေးလည်း ပေးခဲ့ပါသေးတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zay Ye Htet’s fb
Bilie – Cele Connections

error: Alert: Content is protected !!