Source: Si Phyo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ကိုယ်ဝန်ဆောင်နေလည်း အိမ်အလုပ်တွေကို မနားတမ်းလုပ်နေတဲ့ ချစ်ဇနီးခင်လွှမ်းကို ပြောလို့မနိုင်တော့ဘူးဆိုတဲ့ စည်ဖြိုး
သရုပ်ဆောင်၊ အဆိုတော် စည်ဖြိုးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင် သရုပ်ဆောင်ခဲ့သေးတာ ဖြစ်ပါတယ်။ စည်ဖြိုးက ဘာသာရေးကိုလည်း အထူးပြုလုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်သလို သူ့ရဲ့ချစ်သူ ခင်လွှမ်းနဲ့လည်း သာယာတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ ရွှေလက်တွဲလိုက်ကြပြီဖြစ်တဲ့ စည်ဖြိုးတို့ ချစ်သူနှစ်ယောက်ကတော့ တစ်အိမ်တည်းနေပြီး မိသားစုဘဝလေးကို တည်ဆောက်နေပြီ ဖြစ်ပါတယ်။
လက်ရှိမှာ ကိုယ်ဝန်လွယ်ဆောင်ထားရပြီဖြစ်တဲ့ ခင်လွှမ်းက ကိုယ်ဝန်ဆောင်နေလည်း အိမ်အလုပ်တွေကို မနားတမ်းလုပ်နေတာကြောင့် စည်ဖြိုးက “ဗိုက်ကြီးသည်ဖြစ်သွားလည်းပြောမရဘူး ကူလည်းလုပ်လို့မရဘူး။ ယောကျ်ားအဝတ်စားတွေဘောင်းဘီတွေလည်းယူယူဝတ်နေတယ်
မနားနိုင်သေးသောဗိုက်ကြီးသည် စကားအများကြီးလည်းပြောတယ်” ဆိုပြီး အိမ်သူသက်ထားအကြောင်းကို ပြောပြလာပါတယ်။
စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ဒီကနေ့မှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ကြပြီး မကြာခင်မှာလည်း ရင်သွေးလေးကို ပိုင်ဆိုင်ဖို့ ပြင်ဆင်နေကြတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးတို့ ဇနီးမောင်နှံနှစ်ယောက် အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Si Phyo’s fb
Bilie – Cele Connections
error: Alert: Content is protected !!