ေစ်းသည္သားသမီးမို့ ေစ်းေရာင္းရတာေပ်ာ္တယ္ဆိုျပီး ကေလးဘဝကေစ်းေရာင္းေစ်းဝယ္လုပ္ခဲ့တဲ့အမွတ္တရကို ေျပာျပလာတဲ့ ေအးျမတ္သူ

ျပံဳးလုိက္ရင္ ထင္းကနဲ ေပၚလာတဲ့ ပါးခ်ိဳင့္ေလးေတြနဲ့ အရမ္းလွတဲ့ မင္းသမီးေခ်ာေလး ေအးျမတ္သူကေတာ့ ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ျပီး လူသိမ်ားလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေအးျမတ္သူက အခုဆိုရင္ အကယ္ဒမီဆုရွင္တစ္ေယာက္အျဖစ္ ေအာင္ျမင္မႈရရိွေနျပီး အခုအခ်ိန္ထိ အနုပညာအလုပ္ေတြကို တစိုက္မတ္မတ္လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းျပီး စကားေျပာပြင့္လင္းတဲ့ ေအးျမတ္သူက ဒီကေန့မွာေတာ့ ငယ္စဥ္ကေလးအရြယ္ကတည္းက ကေလးဘဝကေစ်းေရာင္းေစ်းဝယ္လုပ္ခဲ့တဲ့ အမွတ္တရေတြကို ပရိသတ္ေတြသိရေအာင္ အခုလိုပဲ ေျပာျပလာပါတယ္။

“ကဲ… ဒီတခါ ၇၁ ေစ်းထဲက မမူအထည္ဆိုင္က သူ႔သမီး အိ​ေအာင္ အထည္​ေရာင္းလိုက္ဦးမယ္။ မွတ္မိ​ေန​ေသးတယ္။ ​ေရခ်ိဳးပ်င္းတဲ့ မျမတ္​ေလး ဆိုင္လာထိုင္ရင္ အ​ေမက အိမ္ျပန္ေရခ်ိဳးခိုင္း သပ္သပ္ရပ္ရပ္ဝတ္ၿပီးမွျပန္လာခိုင္းတာ။ ကိုယ္ဆိုင္ထိုင္ရင္ ဘယ္သူမွလာမဝယ္ဘူး။ ေစ်းဝယ္သူ လာရင္လည္း အ​ေမမရွိလို႔ဆိုၿပီးျပန္သြားၾကတာ။ အဲ့လိုနဲ႔ ကိုယ္က​ေစ်းမ​ေရာင္းရပဲ အိမ္မႈ႕ကိစၥသာလုပ္ရ​ေတာ့တယ္။ အ​ေမ မဂၤလာ​ေစ်းသြားၿပီး ​အထည္​ေတြသြားဝယ္တဲ့​ေန႔​ေတြမွ​ေစ်း​ေရာင္းရတယ္။ အဲ့တုန္းက ယုဇနပလာဇာ မဟုတ္​ေသးဘူး။”

“မဂၤလာ​ေစ်း​ေဟာင္းႀကီး အရမ္းစည္တာ။ အ​ေမ ​အထည္ဝယ္ခိုင္းတဲ့​ေန႔​ေတြဆို သိပ္​ေပ်ာ္တာ။ စားခ်င္တာ​ေတြ အရင္ဝယ္စားၿပီးမွ ​ေစ်းဝယ္။ ျပန္ရင္လည္း ကားစပါယ္ရာ နဲ႔ က ​ေစ်းဆစ္ရ​​ေသးတာ​ေလ။ လူက ကေလးရယ္.. အထုပ္က အႀကီးႀကီးမို႔ အထုပ္အတြက္ေစ်းပို​ေတာင္းရင္ ရန္က ျဖစ္ရ​ေသးတယ္။ သစ္သားဘတ္စကားႀကီးေတြ အ​ေနာက္ကပဲ အဆင္းအတက္လြယ္​ေအာင္စီးရတာ။ ​ျပန္​ေျပာရင္​ေတာ့ ..​ေျပာစရာ​ေတြ အမ်ားႀကီးပဲ။ အဲ့အခ်ိန္​ေတြ လြမ္းတယ္။ ​ေစ်းသယ္သားသမီးမို႔ ေစ်း​ေရာင္း​ေနရရင္​ေပ်ာ္​ေနသူပါ။” ဆိုျပီး သူမရဲ့ ငယ္ဘဝအမွတ္တရေလးကို ေျပာလာပါတယ္။

ေအးျမတ္သူကေတာ့ သူမရဲ့ အေၾကာင္းနဲ့ ပက္သတ္ရင္ ပရိသတ္ေတြကို အျမဲတမ္း ပြင့္ပြင့္လင္းလင္းသာ ေျပာဆိုတတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေအးျမတ္သူကို ခ်စ္ၾကတဲ့ ပရိသတ္ၾကီးလည္း မင္းသမီးျဖစ္မလာခင္ ကေလးဘဝက ေအးျမတ္သူရဲ့ ျဖတ္သန္းၾကီးျပင္းပံုကို သိရလို့ ေက်နပ္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aye Myat Thu ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဈေးသည်သားသမီးမို့ ဈေးရောင်းရတာပျော်တယ်ဆိုပြီး ကလေးဘဝကဈေးရောင်းဈေးဝယ်လုပ်ခဲ့တဲ့အမှတ်တရကို ပြောပြလာတဲ့ အေးမြတ်သူ

ပြုံးလိုက်ရင် ထင်းကနဲ ပေါ်လာတဲ့ ပါးချိုင့်လေးတွေနဲ့ အရမ်းလှတဲ့ မင်းသမီးချောလေး အေးမြတ်သူကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လူသိများလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အေးမြတ်သူက အခုဆိုရင် အကယ်ဒမီဆုရှင်တစ်ယောက်အဖြစ် အောင်မြင်မှုရရှိနေပြီး အခုအချိန်ထိ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး စကားပြောပွင့်လင်းတဲ့ အေးမြတ်သူက ဒီကနေ့မှာတော့ ငယ်စဉ်ကလေးအရွယ်ကတည်းက ကလေးဘဝကဈေးရောင်းဈေးဝယ်လုပ်ခဲ့တဲ့ အမှတ်တရတွေကို ပရိသတ်တွေသိရအောင် အခုလိုပဲ ပြောပြလာပါတယ်။

“ကဲ… ဒီတခါ ၇၁ ဈေးထဲက မမူအထည်ဆိုင်က သူ့သမီး အိအောင် အထည်ရောင်းလိုက်ဦးမယ်။ မှတ်မိနေသေးတယ်။ ရေချိုးပျင်းတဲ့ မမြတ်လေး ဆိုင်လာထိုင်ရင် အမေက အိမ်ပြန်ရေချိုးခိုင်း သပ်သပ်ရပ်ရပ်ဝတ်ပြီးမှပြန်လာခိုင်းတာ။ ကိုယ်ဆိုင်ထိုင်ရင် ဘယ်သူမှလာမဝယ်ဘူး။ ဈေးဝယ်သူ လာရင်လည်း အမေမရှိလို့ဆိုပြီးပြန်သွားကြတာ။ အဲ့လိုနဲ့ ကိုယ်ကဈေးမရောင်းရပဲ အိမ်မှု့ကိစ္စသာလုပ်ရတော့တယ်။ အမေ မင်္ဂလာဈေးသွားပြီး အထည်တွေသွားဝယ်တဲ့နေ့တွေမှဈေးရောင်းရတယ်။ အဲ့တုန်းက ယုဇနပလာဇာ မဟုတ်သေးဘူး။”

“မင်္ဂလာဈေးဟောင်းကြီး အရမ်းစည်တာ။ အမေ အထည်ဝယ်ခိုင်းတဲ့နေ့တွေဆို သိပ်ပျော်တာ။ စားချင်တာတွေ အရင်ဝယ်စားပြီးမှ ဈေးဝယ်။ ပြန်ရင်လည်း ကားစပါယ်ရာ နဲ့ က ဈေးဆစ်ရသေးတာလေ။ လူက ကလေးရယ်.. အထုပ်က အကြီးကြီးမို့ အထုပ်အတွက်ဈေးပိုတောင်းရင် ရန်က ဖြစ်ရသေးတယ်။ သစ်သားဘတ်စကားကြီးတွေ အနောက်ကပဲ အဆင်းအတက်လွယ်အောင်စီးရတာ။ ပြန်ပြောရင်တော့ ..ပြောစရာတွေ အများကြီးပဲ။ အဲ့အချိန်တွေ လွမ်းတယ်။ ဈေးသယ်သားသမီးမို့ ဈေးရောင်းနေရရင်ပျော်နေသူပါ။” ဆိုပြီး သူမရဲ့ ငယ်ဘဝအမှတ်တရလေးကို ပြောလာပါတယ်။

အေးမြတ်သူကတော့ သူမရဲ့ အကြောင်းနဲ့ ပက်သတ်ရင် ပရိသတ်တွေကို အမြဲတမ်း ပွင့်ပွင့်လင်းလင်းသာ ပြောဆိုတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အေးမြတ်သူကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း မင်းသမီးဖြစ်မလာခင် ကလေးဘဝက အေးမြတ်သူရဲ့ ဖြတ်သန်းကြီးပြင်းပုံကို သိရလို့ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Myat Thu ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!