ဖခင္ၾကီး ဦးမန္းဝင္းလိုပဲ ေက်ာက္ကပ္ေရာဂါေဝဒနာကို ခံစားေနရျပီျဖစ္ေၾကာင္း ရင္ဖြင့္ေျပာျပလာတဲ့ ေဟမာမန္းဝင္း

ဟာသလူရႊင္ေတာ္ၾကီး ဦးမန္းဝင္းကေတာ့ တစ္ေခတ္တစ္ခါက အျငိမ့္သဘင္မွာ ေက်ာ္ၾကားခဲ့သလို ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာလည္း သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဦးမန္းဝင္းရဲ့ သမီးၾကီး ေဟမာမန္းဝင္းကလည္း ဖခင္ျဖစ္သူရဲ့ ေျခရာကိုနင္းျပီး ဟာသသရုပ္ေဆာင္တစ္ေယာက္အျဖစ္ ရပ္တည္ခဲ့တာပဲ ျဖစ္ပါတယ္။ ေဟမာမန္းဝင္းကေတာ့ ဖခင္ျဖစ္သူလိုပဲ အနုပညာေလာကမွာ ဇာတ္ပို့ဇာတ္ရံေကာင္းတစ္ေယာက္အျဖစ္ ေနရာရရိွျပီးသားသူ ျဖစ္ပါတယ္။

အနုပညာလႈပ္ရွားမႈေတြ ရပ္နားလိုက္ခ်ိန္မွာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနတဲ့ ေဟမာမန္းဝင္းက ဒီကေန့မွာေတာ့ ဖခင္ၾကီး ဦးမန္းဝင္းလိုပဲ ေက်ာက္ကပ္ေရာဂါေဝဒနာကို ခံစားေနရျပီဆိုတဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။ ေဟမာမန္းဝင္းက “အစာစားတိုင္ရင္ေခါင္းႀကီးေတာင့္ေတာင့္ေနတယ္အစာမေၾကဘူးေဆးခန္းကိုျပၾကည့္ေတာ့ေက်ာက္ကပ္အားနည္းတာတဲ့အေဖတူသမီးဟ” ဆိုျပီး ရင္ဖြင့္လာတာပဲ ျဖစ္ပါတယ္။

ဦးမန္းဝင္းကလည္း ေက်ာက္ကပ္ေရာဂါေဝဒနာကို နွစ္ေပါင္းမ်ားစြာခံခဲ့ရျပီး ျပီးခဲ့တဲ့ လပိုင္းအတြင္းကပဲ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ ေဟမာမန္းဝင္းလည္း ခံစားေနရတဲ့ ေဝဒနာေတြ အျမန္ဆံုးေပ်ာက္ကင္းျပီး ေနေကာင္းသက္သာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Hay Mar Mann Win’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖခင်ကြီး ဦးမန်းဝင်းလိုပဲ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရပြီဖြစ်ကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ဟေမာမန်းဝင်း

ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ တစ်ခေတ်တစ်ခါက အငြိမ့်သဘင်မှာ ကျော်ကြားခဲ့သလို ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဦးမန်းဝင်းရဲ့ သမီးကြီး ဟေမာမန်းဝင်းကလည်း ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဟေမာမန်းဝင်းကတော့ ဖခင်ဖြစ်သူလိုပဲ အနုပညာလောကမှာ ဇာတ်ပို့ဇာတ်ရံကောင်းတစ်ယောက်အဖြစ် နေရာရရှိပြီးသားသူ ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေ ရပ်နားလိုက်ချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဟေမာမန်းဝင်းက ဒီကနေ့မှာတော့ ဖခင်ကြီး ဦးမန်းဝင်းလိုပဲ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရပြီဆိုတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ ဟေမာမန်းဝင်းက “အစာစားတိုင်ရင်ခေါင်းကြီးတောင့်တောင့်နေတယ်အစာမကြေဘူးဆေးခန်းကိုပြကြည့်တော့ကျောက်ကပ်အားနည်းတာတဲ့အဖေတူသမီးဟ” ဆိုပြီး ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။

ဦးမန်းဝင်းကလည်း ကျောက်ကပ်ရောဂါဝေဒနာကို နှစ်ပေါင်းများစွာခံခဲ့ရပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်းကပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဟေမာမန်းဝင်းလည်း ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးပျောက်ကင်းပြီး နေကောင်းသက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Hay Mar Mann Win’s fb
Bilie – Cele Connections

error: Alert: Content is protected !!