ခ်စ္ဇနီးစိတ္ခ်မ္းသာဖို့အတြက္ ဆင္ေပးသမွ် ေပါက္ကရဝတ္စံုေတြကို မျငီးမျငဴနဲ့ ဝတ္ေပးရွာတဲ့ Ah Boy ရဲ့ အခြီဗီဒီယို
|အရမ္းကို လိုက္ဖက္ညီတဲ့ အဆိုေတာ္ Ah boy နဲ႔ မင္းသမီးေခ်ာေလး ျမတ္ရတနာေက်ာ္တို႔ ဇနီးေမာင္ႏွံႏွစ္ဦးကေတာ့ တစ္ဦးနဲ႔တစ္ဦး နားလည္မႈအျပၫ့္နဲ႔ သာယာတဲ့ အိမ္ေထာင္တစ္ခုကို အတူတူတည္ေဆာက္ထားၾကတာပဲ ျဖစ္ပါတယ္။ ျမတ္ရတနာေက်ာ္နဲ့ Ah Boy က အသက္အရြယ္ ကြာျခားေပမယ့္လည္း တစ္ေယာက္နဲ့တစ္ေယာက္ ေျပာမနာဆိုမနာနဲ့ စေနာက္က်ီစယ္ေလ့ရိွတာေၾကာင့္ ဇနီးေမာင္နွံဆိုတာထက္ ေမာင္နွမလို သူငယ္ခ်င္းလို ရင္းနွီးၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းျပီး ဘာလုပ္လုပ္အတြဲညီလြန္းတဲ့ Ah boy နဲ့ ျမတ္ရတနာေက်ာ္တို့ ဇနီးေမာင္နွံကို ေနနဲ့လ ေရႊနဲ့ျမ ဇနီးေမာင္နွံလို့ေတာင္ တင္စားၾကတာ ျဖစ္ပါတယ္။
Ah boy ကေတာ့ သူ့ထက္ ငယ္တဲ့ ခ်စ္ဇနီးကို အျမဲတမ္း စစေနာက္ေနာက္ရိွေပမယ့္ ခ်စ္ဇနီးေလး စိတ္ခ်မ္းသာရေအာင္ထားတဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ပါပဲ။ ဒီကေန့မွာလည္း Ah Boy က ခ်စ္ဇနီးေလး ဆင္ေပးသမွ် ေပါက္ကရဝတ္စံုေတြကို မျငီးမျငဴနဲ့ဝတ္ျပီး “မိန္းမ စိတ္ခ်မ္းသာဖို႔အတြက္… ေမာင္အာဘြိဳင္းေလးခင္ဗ်ာ… 🙂…” ဆိုျပီး သူ့ရဲ့ အျဖစ္ေလးကို အခုလိုပဲ ျပသလာခဲ့ပါတယ္။
Ah Boy ကေတာ့ ျမတ္ရတနာေက်ာ္ဆင္ေပးတဲ့ ေပါက္ကရဖက္ရွင္နဲ့ ထူးထူးဆန္းဆန္းျဖစ္ေနတာ အေသအခ်ာပါပဲ။ ပရိသတ္ၾကီးလည္း ကိုယ့္ရဲ့ခ်စ္သူကို ဒီလိုမ်ိဳးေလးေတြ ဆင္ေပးျပီး ဗီဒီယိုေလး ရိုက္ထားလို့ရတယ္ဆိုတာ အုိက္ဒီယာရသြားမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source: Our Travel Diaries’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
ချစ်ဇနီးစိတ်ချမ်းသာဖို့အတွက် ဆင်ပေးသမျှ ပေါက်ကရဝတ်စုံတွေကို မငြီးမငြူနဲ့ ဝတ်ပေးရှာတဲ့ Ah Boy ရဲ့ အခွီဗီဒီယို
အရမ်းကို လိုက်ဖက်ညီတဲ့ အဆိုတော် Ah boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော်နဲ့ Ah Boy က အသက်အရွယ် ကွာခြားပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာနဲ့ စနောက်ကျီစယ်လေ့ရှိတာကြောင့် ဇနီးမောင်နှံဆိုတာထက် မောင်နှမလို သူငယ်ချင်းလို ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ဘာလုပ်လုပ်အတွဲညီလွန်းတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကို နေနဲ့လ ရွှေနဲ့မြ ဇနီးမောင်နှံလို့တောင် တင်စားကြတာ ဖြစ်ပါတယ်။
Ah boy ကတော့ သူ့ထက် ငယ်တဲ့ ချစ်ဇနီးကို အမြဲတမ်း စစနောက်နောက်ရှိပေမယ့် ချစ်ဇနီးလေး စိတ်ချမ်းသာရအောင်ထားတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါပဲ။ ဒီကနေ့မှာလည်း Ah Boy က ချစ်ဇနီးလေး ဆင်ပေးသမျှ ပေါက်ကရဝတ်စုံတွေကို မငြီးမငြူနဲ့ဝတ်ပြီး “မိန်းမ စိတ်ချမ်းသာဖို့အတွက်… မောင်အာဘွိုင်းလေးခင်ဗျာ… 🙂…” ဆိုပြီး သူ့ရဲ့ အဖြစ်လေးကို အခုလိုပဲ ပြသလာခဲ့ပါတယ်။
Ah Boy ကတော့ မြတ်ရတနာကျော်ဆင်ပေးတဲ့ ပေါက်ကရဖက်ရှင်နဲ့ ထူးထူးဆန်းဆန်းဖြစ်နေတာ အသေအချာပါပဲ။ ပရိသတ်ကြီးလည်း ကိုယ့်ရဲ့ချစ်သူကို ဒီလိုမျိုးလေးတွေ ဆင်ပေးပြီး ဗီဒီယိုလေး ရိုက်ထားလို့ရတယ်ဆိုတာ အိုက်ဒီယာရသွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Our Travel Diaries’s fb
Bilie – Cele Connections