



Source: Ma Htet’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကွန်ဒိုတိုက်ခန်းရောင်းပေးရင်း အမျိုးသားအဆောင်ဖွင့်မယ်ဆိုကာ ဈေးဗန်းခင်းခဲ့တဲ့ သူမနဲ့ လင်းလင်းရဲ့ အခွီဗီဒီယိုလေးကို မျှဝေပေးလာတဲ့ မထက်

မြန်မာနိုင်ငံရဲ့ နာမည်ကြီး Make Up Artist တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ မထက်တို့ကို မသိတဲ့သူမရှိလောက်ဘူး ထင်ပါတယ်။ လင်းလင်းနဲ့ မထက်တို့ကတော့ မိတ်ကပ်ပညာရှင်တွေဖြစ်သလို ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာမို့ သရုပ်ဆောင်တွေလို့ ဆိုလည်း မှားနိုင်မယ် မထင်ပါဘူး။ လင်းလင်းနဲ့ မထက်တို့ကတော့ ချစ်စရာကောင်းပြီး စကားတတ်လွန်းတာကြောင့် ပရိသတ်တွေရဲ့အချစ်ကို အခိုင်အမာရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေသာမက အပြင်အလုပ်တွေကိုလည်း အတူတူလုပ်ကိုင်ဖြစ်နေတဲ့ လင်းလင်းနဲ့ ထက်ထက်က ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကွန်ဒိုတိုက်ခန်းတွေကို အွန်လိုင်းကနေ ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့မထက်က ကွန်ဒိုတိုက်ခန်းရောင်းပေးရင်း အမျိုးသားအဆောင်ဖွင့်မယ်ဆိုကာ ဈေးဗန်းခင်းခဲ့တာကြောင့် ပရိသတ်တွေက သဘောကျကာ စုစည်းပေးထားတဲ့ ဗီဒီယိုလေးကို သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

လင်းလင်းနဲ့ မထက်တို့ကတော့ ဝယ်သူတွေမပျင်းရအောင် ရွှတ်ရွှတ်နောက်နောက်စကားတွေပြောရင်း အားလုံးကို ပျော်ရွှင်စေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မထက်တို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ခေတ္တခဏတော့ ဘဝအမောတွေ ပြေပျောက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ma Htet’s fb
Bilie – Cele Connections

error: Alert: Content is protected !!