Covid ကာကြယ္ေရးအတြက္ လွဴဒါန္းသြားမယ့္ ေလလံပြဲမွာ ေဒါင္းရင္ထုိးေလးတစ္ခုကို သိန္း (၃၁၀) နဲ့ ေလလံေအာင္ျမင္ခဲ့တဲ့ စမုိင္းလ္

သရုပ္ေဆာင္ စမုိင္းလ္ကေတာ့ လြန္ခဲ့တဲ့နွစ္ေတြကမွ ျမန္မာနိုင္ငံကို ျပန္လည္ေရာက္ရိွလာျပီး ခင္ပြန္းျဖစ္သူ ကိုျပည့္ေမာင္နဲ႔အတူတူ စီးပြားေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ စီးပြားေရးမွာလည္း ေအာင္ျမင္မႈ ရရွိေနတဲ့စမိုင္းလ္က သူမတို့ မိသားစုက ရရိွတဲ့ ဝင္ေငြေတြကို အလွဴအတန္းေတြမွာလည္း ရက္ရက္ေရာေရာ လွဴဒါန္းေနတာကိုလည္း ဝမ္းေျမာက္စြာနဲ့ ေတြ့ရပါတယ္။ ပရိသတ္ေတြကလည္း စိတ္ထားေကာင္းၿပီး အလွဴအတန္း ရက္ေရာလြန္းတဲ့ စမိုင္းကိုသာမကပဲ စမိုင္းလ္တို့ တစ္မိသားစုလံုးကို အားေပးခ်စ္ခင္ၾကတာကို ေတြ့ရပါတယ္။

ေငြေၾကးခ်မ္းသာသူတစ္ေယာက္ပီပီ အလွဴအတန္းလုပ္တဲ့ ေနရာမွာ ေထာင့္ေစ့ေအာင္လွဴတတ္တန္းတတ္တဲ့ စမိုင္းလ္က ဒီကေန့မွာလည္း Covid ကာကြယ္ေရးအတြက္ လွဴဒါန္းသြားမယ့္ ေလလံပြဲမွာ ေဒါင္းရင္ထုိးေလးတစ္ခုကို သိန္း (၃၁၀) နဲ့ ေလလံေအာင္ျမင္ခဲ့တဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။ စမိုင္းလ္က “Covid ကာကြယ္ေရးအတြက္အကုန္အသုံးျပဳသြားမဲ့ ေလလံ အလႉေလးမွာ ေဒါင္းရင္ထိုးေလးအား သိန္း ၃၁၀ နဲ႔ေလလံေအာင္ျမင္သြားခဲ့ပါတယ္။ ျမန္မာျပည္ႀကီးကပ္ေရာႀကီးမွအျမန္ဆုံးကင္းေဝးၾကပါေစ🙏🏼” ဆိုျပီး သူမရဲ့ ပီတိေလးကို မွ်ေဝေပးလာပါတယ္။

စမိုင္းလ္ကေတာ့ လက္ဝတ္ရတနာေတြကိုလည္း စုေဆာင္းသလို တစ္ဖက္မွာလည္း အလွဴအတြက္ တတ္နိုင္သေလာက္ေလး ကူညီေပးခဲ့တာ ပီတိျဖစ္စရာပါပဲ။ ပရိသတ္ၾကီးလည္း စမိုင္းလ္နဲ့ ထပ္တူဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: စမိုင္းလ္ Smile’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Covid ကာကွယ်ရေးအတွက် လှူဒါန်းသွားမယ့် လေလံပွဲမှာ ဒေါင်းရင်ထိုးလေးတစ်ခုကို သိန်း (၃၁၀) နဲ့ လေလံအောင်မြင်ခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ လွန်ခဲ့တဲ့နှစ်တွေကမှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်နဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ စီးပွားရေးမှာလည်း အောင်မြင်မှု ရရှိနေတဲ့စမိုင်းလ်က သူမတို့ မိသားစုက ရရှိတဲ့ ဝင်ငွေတွေကို အလှူအတန်းတွေမှာလည်း ရက်ရက်ရောရော လှူဒါန်းနေတာကိုလည်း ဝမ်းမြောက်စွာနဲ့ တွေ့ရပါတယ်။ ပရိသတ်တွေကလည်း စိတ်ထားကောင်းပြီး အလှူအတန်း ရက်ရောလွန်းတဲ့ စမိုင်းကိုသာမကပဲ စမိုင်းလ်တို့ တစ်မိသားစုလုံးကို အားပေးချစ်ခင်ကြတာကို တွေ့ရပါတယ်။

ငွေကြေးချမ်းသာသူတစ်ယောက်ပီပီ အလှူအတန်းလုပ်တဲ့ နေရာမှာ ထောင့်စေ့အောင်လှူတတ်တန်းတတ်တဲ့ စမိုင်းလ်က ဒီကနေ့မှာလည်း Covid ကာကွယ်ရေးအတွက် လှူဒါန်းသွားမယ့် လေလံပွဲမှာ ဒေါင်းရင်ထိုးလေးတစ်ခုကို သိန်း (၃၁၀) နဲ့ လေလံအောင်မြင်ခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ စမိုင်းလ်က “Covid ကာကွယ်ရေးအတွက်အကုန်အသုံးပြုသွားမဲ့ လေလံ အလှူလေးမှာ ဒေါင်းရင်ထိုးလေးအား သိန်း ၃၁၀ နဲ့လေလံအောင်မြင်သွားခဲ့ပါတယ်။ မြန်မာပြည်ကြီးကပ်ရောကြီးမှအမြန်ဆုံးကင်းဝေးကြပါစေ🙏🏼” ဆိုပြီး သူမရဲ့ ပီတိလေးကို မျှဝေပေးလာပါတယ်။

စမိုင်းလ်ကတော့ လက်ဝတ်ရတနာတွေကိုလည်း စုဆောင်းသလို တစ်ဖက်မှာလည်း အလှူအတွက် တတ်နိုင်သလောက်လေး ကူညီပေးခဲ့တာ ပီတိဖြစ်စရာပါပဲ။ ပရိသတ်ကြီးလည်း စမိုင်းလ်နဲ့ ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!