



Source: Chan Mi Mi Ko’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သားတော်မောင်ရဲ့ လက်စွမ်းပြမှုကြောင့် မျက်နှာပေါ်မှာ ဆေးရောင်စုံတွေပေါင်းစုံနဲ့ လှချင်တိုင်းလှနေတဲ့ မေမေ ချမ်းမီမီကို

ဆယ်ကျော်သက်အရွယ်မှာကတည်းက မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့သူ ချမ်းမီမီကိုကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချမ်းမီမီကိုက (၂၀၁၄) ခုနှစ်က အိမ်ထောာင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး သားလေးတစ်ယောက်ကိုလည်း မွေးဖွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချမ်းမီမီကိုက သားလေးကို ရင်အုပ်မကွာစောင့်ရှောက်ရင်း အနုပညာလောကထဲကို တစ်ကြော့ပြန်ဝင်ရောက်လာတော့ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

(၅) နှစ်အရွယ် သားလေးကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ချမ်းမီမီကိုကတော့ အလုပ်တွေနားချိန်မှာ သားလေးကိုသာ အချိန်အပြည့်အဝပေးပြီး ဂရုစိုက်စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ချမ်းမီမီကိုက သားလေးက မျက်နှာပေါ်မှာ ဆေးရောင်စုံခြယ်ပေးထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို မျှဝေပေးရင်း သားလေးစိတ်တိုင်းကျဆော့သမျှကို ပြုံးပြုံးကြီးခံခဲ့ပုံကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

ချမ်းမီမီကိုကတော့ သူမရဲ့ မိခင်ဘဝလေးမှာ ပျော်ရွှင်စွာနေထိုင်နေရင်း တစ်ဖက်မှာလည်း ဘာသာရေးနဲ့ ကုသိုလ်ရေးကို တစိုက်မတ်မတ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချမ်းမီမီကိုတို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chan Mi Mi Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!