လူ႔ဘဝႀကီးထဲမွာ က်င္လည္ျဖတ္သန္းလာခဲ့တာ ဒီကေန့ဆို (၄၆) ႏွစ္တိတိ ျပည့္ခဲ့ၿပီျဖစ္တဲ့ အကယ္ဒမီ နႏၵာလႈိင္

တစ္ခ်ိန္က ပုရိသအမ်ိဳးသားပရိသတ္ေတြသာမက အမ်ိဳးသမီးအခ်င္းခ်င္းပါ ေငးၾကည့္ေနရေလာက္ေအာင္လွတဲ့ မင္းသမီးေခ်ာ နႏၵာလႈိင္ကေတာ့ ႐ုပ္ရည္ေခ်ာေမာ႐ုံသာမက ထူးခြၽန္တဲ့ အႏုပညာအရည္အခ်င္းေတြကိုလည္း ပိုင္ဆိုင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ နႏၵာလႈိင္က သူမရဲ႕ အႏုပညာသက္တမ္းတစ္ေလွ်ာက္မွာ အကယ္ဒမီထူးခြၽန္ဆုႀကီး (၂) ဆုတိတိကို လက္ဝယ္ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး အႏုပညာအလုပ္ေတြ ရပ္နားၿပီး ကုသိုလ္ေရးကိုျပဳလုပ္ခ်ိန္မွာလည္း ႏိုင္ငံေတာ္က ခ်ီးျမႇင့္တဲ့ သီရိသုဓမၼသိဂႌဘြဲ႕တံဆိပ္ကိုလည္း ရရွိထားသူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ နႏၵာလႈိင္က သမီးသုံးေယာက္ကိုေမြးဖြားထားၿပီး သာယာတဲ့ မိသားစုဘဝကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။

ဒီကေန႔ ႏိုဝင္ဘာာလ (၂) ရက္ေန႔ကေတာ့ နႏၵာလႈိင္ရဲ႕ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ နႏၵာလႈိင္က သူမရဲ႕ ေမြးေန႔မွာ ငယ္ငယ္က ႏုပ်ိဳစဥ္အ႐ြယ္ ဓာတ္ပုံေလးနဲ႔ အခုလက္ရွိပုံရိပ္ေလးကို ယွဥ္ျပၿပီး “သူေလးေတာင္ ၄၆ ႏွစ္ျပည့္ၿပီဘဲ” ဆိုျပီး လူ႔ဘဝႀကီးထဲမွာ က်င္လည္ျဖတ္သန္းလာခဲ့တာ ဒီကေန့ဆို (၄၆) ႏွစ္တိတိ ျပည့္ခဲ့ၿပီျဖစ္ေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။

နႏၵာလိႈင္ကေတာ့ (၄၆) နွစ္ဆိုတဲ့ အရြယ္ကိုေရာက္လာခဲ့ေပမယ့္ သူမရဲ့ အလွအပေတြကေတာ့ ကုန္ခမ္းသြားျခင္းမရိွတာကိုေတာ့ ပရိသတ္ၾကီး သတိထားမိမယ္ ထင္ပါတယ္။ ပရိသတ္ၾကီးလည္း မင္းသမီးေခ်ာ နႏၵာလိႈင္အတြက္ ေမြးေန့ဆုမြန္ေကာင္းစကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nandar Hlaing’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူ့ဘဝကြီးထဲမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ ဒီကနေ့ဆို (၄၆) နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ အကယ်ဒမီ နန္ဒာလှိုင်

တစ်ချိန်က ပုရိသအမျိုးသားပရိသတ်တွေသာမက အမျိုးသမီးအချင်းချင်းပါ ငေးကြည့်နေရလောက်အောင်လှတဲ့ မင်းသမီးချော နန္ဒာလှိုင်ကတော့ ရုပ်ရည်ချောမောရုံသာမက ထူးချွန်တဲ့ အနုပညာအရည်အချင်းတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီထူးချွန်ဆုကြီး (၂) ဆုတိတိကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပြီး အနုပညာအလုပ်တွေ ရပ်နားပြီး ကုသိုလ်ရေးကိုပြုလုပ်ချိန်မှာလည်း နိုင်ငံတော်က ချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန္ဒာလှိုင်က သမီးသုံးယောက်ကိုမွေးဖွားထားပြီး သာယာတဲ့ မိသားစုဘဝကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာာလ (၂) ရက်နေ့ကတော့ နန္ဒာလှိုင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်က သူမရဲ့ မွေးနေ့မှာ ငယ်ငယ်က နုပျိုစဉ်အရွယ် ဓာတ်ပုံလေးနဲ့ အခုလက်ရှိပုံရိပ်လေးကို ယှဉ်ပြပြီး “သူလေးတောင် ၄၆ နှစ်ပြည့်ပြီဘဲ” ဆိုပြီး လူ့ဘဝကြီးထဲမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ ဒီကနေ့ဆို (၄၆) နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်းကို ပြောပြလာခဲ့ပါတယ်။

နန္ဒာလှိုင်ကတော့ (၄၆) နှစ်ဆိုတဲ့ အရွယ်ကိုရောက်လာခဲ့ပေမယ့် သူမရဲ့ အလှအပတွေကတော့ ကုန်ခမ်းသွားခြင်းမရှိတာကိုတော့ ပရိသတ်ကြီး သတိထားမိမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသမီးချော နန္ဒာလှိုင်အတွက် မွေးနေ့ဆုမွန်ကောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nandar Hlaing’s fb
Bilie – Cele Connections

error: Alert: Content is protected !!