လူခ်င္းေဝးေနေပမယ့္ နွလံုးသားခ်င္းနီးစပ္တဲ့ ခ်စ္သူနိုင္ငံျခားသားေလးအတြက္ Anniversary ေန့ေလးမွာ ခ်စ္စကားေတြအမ်ားၾကီးေျပာခဲ့တဲ့ ပတ္ထရစ္ရွာ

ဘုိဆန္တဲ့ မ်က္နွာေလးနဲ့ ေယာက်ာ္းေလးပရိသတ္ေတြရဲ့ အသည္းနွလံုးကို ဖမ္းစားထားနိုင္တဲ့ မင္းသမီးေခ်ာေလး ပတ္ထရစ္ရွာက အကယ္ဒမီ ျမတ္ေကသီေအာင္ရဲ့ တူမအရင္းတစ္ေယာက္ ျဖစ္ပါတယ္။ ပတ္ထရစ္ရွာက အေဒၚျဖစ္သူ ျမတ္ေကသီေအာင္ရဲ့ အကူအညီမပါပဲ ကိုယ္ပိုင္အစြမ္းအစနဲ့ ၾကိဳးစားလာခဲ့ရာ အခုဆိုရင္ အနုပညာေလာကမွာ ေနရာတစ္ေနရာ အခုိင္အမာ ရရိွေနျပီပဲ ျဖစ္ပါတယ္။ ပတ္ထရစ္ရွာက လက္ရိွမွာလည္း ပရိသတ္ေတြအတြက္ ဆန္းသစ္တဲ့ အနုပညာလႈပ္ရွားမႈမ်ားစြာကို ခ်ျပနိုင္ဖို့ ၾကိဳးစားေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ေခတ္လူငယ္တစ္ေယာက္ပီပီ အခ်စ္ေရးကိစၥနဲ့ ပက္သတ္ျပီးလည္း ပြင့္ပြင့္လင္းလင္းရိွတဲ့ ပတ္ထရစ္ရွာက ဒီကေန့မွာလည္း သူမရဲ့ခ်စ္သူအတြက္ Anniversary ေန့ေလးမွာ ခ်စ္စကားေတြအမ်ားၾကီးေျပာခဲ့ပါတယ္။ ပတ္ထရစ္ရွာက “Happy Anniversary ပါ အခ်စ္ေရ.. ငါ့လိုလူမ်ိဳးကို စိတ္ရွည္သည္းခံေပးလို့ အရမ္းလည္းခ်စ္ရပါတယ္။ ဘယ္လိုအခက္အခဲေတြပဲရိွရိွ ငါ့ကို လက္္မလႊတ္ေပးတဲ့အတြက္လည္း အရမ္းေက်းဇူးတင္ပါတယ္။ ငါလိုအပ္ခ်ိန္ေတြတိုင္းမွာ ငါ့အတြက္အျမဲအဆင္သင့္ရိွေနေပးလို့လည္ ေက်းဇူးတင္ပါတယ္။ ဘာလို့လည္းဆိုေတာ့ ငါတို့ဘယ္ေလာက္ပဲ ေဝးကြာေဝးကြာ မင္းရဲ့အခ်စ္ေတြက ငါတို့ဆက္ျပီးအတူရိွေစဖို့ ခြန္အားေတြျဖစ္ေစလို့ပါပဲ။ ငါမင္းကို အရမ္းခ်စ္တယ္ Mon Amour” ဆိုျပီး သူမရဲ့ အင္စတာဂရမ္ကေန ေျပာလာတာပဲ ျဖစ္ပါတယ္။

ပတ္ထရစ္ရွာကေတာ့ သူမရဲ့ခ်စ္သူ နုိင္ငံျခားသားေလးနဲ့ ပက္သတ္ျပီး ပြင့္ပြင့္လင္းလင္း ထုတ္ေျပာထားသူတစ္ေယာက္ပဲ ျဖစ္ျပီး ဘာကိုမွ လွ်ိဳ့ဝွက္ထားျခင္းမရိွသူတစ္ေယာက္ပါပဲ။ ပတ္ထရစ္ရွာတို့ ခ်စ္သူနွစ္ေယာက္ ေနာက္နွစ္ေတြမ်ားစြာတိုင္ အခုလိုပဲ ေပ်ာ္ရႊင္ခ်မ္းေျမ့နိုင္ၾကပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sue Sha Naing’s ig
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူချင်းဝေးနေပေမယ့် နှလုံးသားချင်းနီးစပ်တဲ့ ချစ်သူနိုင်ငံခြားသားလေးအတွက် Anniversary နေ့လေးမှာ ချစ်စကားတွေအများကြီးပြောခဲ့တဲ့ ပတ်ထရစ်ရှာ

ဘိုဆန်တဲ့ မျက်နှာလေးနဲ့ ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာက အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ တူမအရင်းတစ်ယောက် ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက အဒေါ်ဖြစ်သူ မြတ်ကေသီအောင်ရဲ့ အကူအညီမပါပဲ ကိုယ်ပိုင်အစွမ်းအစနဲ့ ကြိုးစားလာခဲ့ရာ အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက လက်ရှိမှာလည်း ပရိသတ်တွေအတွက် ဆန်းသစ်တဲ့ အနုပညာလှုပ်ရှားမှုများစွာကို ချပြနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခေတ်လူငယ်တစ်ယောက်ပီပီ အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီးလည်း ပွင့်ပွင့်လင်းလင်းရှိတဲ့ ပတ်ထရစ်ရှာက ဒီကနေ့မှာလည်း သူမရဲ့ချစ်သူအတွက် Anniversary နေ့လေးမှာ ချစ်စကားတွေအများကြီးပြောခဲ့ပါတယ်။ ပတ်ထရစ်ရှာက “Happy Anniversary ပါ အချစ်ရေ.. ငါ့လိုလူမျိုးကို စိတ်ရှည်သည်းခံပေးလို့ အရမ်းလည်းချစ်ရပါတယ်။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ငါ့ကို လက်မလွှတ်ပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ ငါလိုအပ်ချိန်တွေတိုင်းမှာ ငါ့အတွက်အမြဲအဆင်သင့်ရှိနေပေးလို့လည် ကျေးဇူးတင်ပါတယ်။ ဘာလို့လည်းဆိုတော့ ငါတို့ဘယ်လောက်ပဲ ဝေးကွာဝေးကွာ မင်းရဲ့အချစ်တွေက ငါတို့ဆက်ပြီးအတူရှိစေဖို့ ခွန်အားတွေဖြစ်စေလို့ပါပဲ။ ငါမင်းကို အရမ်းချစ်တယ် Mon Amour” ဆိုပြီး သူမရဲ့ အင်စတာဂရမ်ကနေ ပြောလာတာပဲ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာကတော့ သူမရဲ့ချစ်သူ နိုင်ငံခြားသားလေးနဲ့ ပက်သတ်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားသူတစ်ယောက်ပဲ ဖြစ်ပြီး ဘာကိုမှ လျှို့ဝှက်ထားခြင်းမရှိသူတစ်ယောက်ပါပဲ။ ပတ်ထရစ်ရှာတို့ ချစ်သူနှစ်ယောက် နောက်နှစ်တွေများစွာတိုင် အခုလိုပဲ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sue Sha Naing’s ig
Bilie – Cele Connections

error: Alert: Content is protected !!