



Source: Baby Maung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

လမ်းဘေးမှာ ငှက်အိမ်လေးတွေရောင်းနေတဲ့ ကိုယ်ဝန်သည်ဈေးသည်အပေါ် ဆက်ဆံတဲ့ ချစ်သူသားဂန်းရဲ့ အမူအယာလေးကို အချစ်ပိုနေရတဲ့ ဘေဘီမောင်

အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ လူသိများထင်ရှားလာတဲ့ အဆိုတော်လေး သားဂန်းနဲ့ သွက်လက်ချက်ချာပြီး စိတ်ထားကောင်းပွင့်လင်းတဲ့ သရုပ်ဆောင် ဘေဘီမောင်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ပရိသတ်တိုင်းအားကျစရာပါပဲ။ သားဂန်းနဲ့ ဘေဘီမောင်က အသက်အရွယ်ကွာခြားမှုရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေတည်ဆောက်လာခဲ့တာမို့ မကြာခင်မှာ လက်ထပ်ကြတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ မောင်နဲ့မ အချစ်ဇာတ်လမ်းလေးကို အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဘေဘီမောင်က လမ်းဘေးမှာ ငှက်အိမ်လေးတွေရောင်းနေတဲ့ ကိုယ်ဝန်သည်ဈေးသည်ကို ငှက်အိမ်လေးတွေအားပေးခဲ့ပြီး ဈေးသည်အစ်မအပေါ် ဆက်ဆံတဲ့ အမူအယာကြောင့် အချစ်ပိုနေရကြောင်းကို “ဒီနေ့အပြင်သွားရင်းကိုယ်ဝန်သယ်အမတစ်ယောက်ကို ငှက်အိမ်လေး အားပေးပြီးကုသိုလ်ယူခဲ့တယ်🥰 အိမ်ရှေ့ကအပင်မှာလည်း ငှက်ခလေးတွေနေစရာအိမ်လေးရသွားတာပေါ့🥰နှစ်ခါကုသိုလ်ရ ပိတိဖြစ်လိုက်တာ🥰လှူတတ်ရင် နေရာတိုင်းမှာကုသိုလ်လုပ်လို့ရပါတယ်ရှင်🥰🙏🏻 ကိုသားဂန်းလေး အဲ့အစ်မကို ပိုက်ဆံပေးတဲ့ပုံစံလေးကအသက်ပါနော်🥰” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ ပြောလာပါတယ်။

ဘေဘီမောင်ကတော့ စိတ်ထားကောင်းရုံသာမကပဲ ချို့တဲ့သူအပေါ် ကြင်နာသနားတတ်တဲ့ စိတ်တူကိုယ်တူ ချစ်သူလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင်တို့ ချစ်သူနှစ်ယောက်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Baby Maung’s fb
Bilie – Cele Connections

error: Alert: Content is protected !!