ရတနာဆိုင္ၾကီးေတြအတြက္ေစ်းေရာင္းေပးရင္း တန္ဖိုးၾကီးလက္ဝတ္ရတနာေတြကိုျပန္လည္ဝယ္ယူကာ ကုိယ့္ကိုကုိယ္ဆုခ်ခဲ့တဲ့ ေနျခည္ဦး

ပရိသတ္ေတြရဲ့ခ်စ္ျခင္းေမတၲာတရားေတြကို အျပၫ့္အဝရရိွထားတဲ့ Beauty Blogger မေလး ေနျခည္ဦးကေတာ့ သူမရဲ့ႀကိဳးစားမႈေၾကာင့္ ပရိသတ္ေပးတဲ့ ေနရာတစ္ခု အခိုင္အမာရရိွထားသူေလးပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ရုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ေခါင္းေဆာင္မင္းသမီးတစ္ဦးေနရာကေန ပါဝင္ေနရၿပီျဖစ္တဲ့ ေနျခည္ဦးကေတာ့ တစ္ေန့တစ္ျခား အလွေတြတိုးလာျပီး ပိုပိုလွလာတာလည္း ေတြ့ရပါတယ္။ လက္ရိွမွာေတာ့ အနုပညာလႈပင္ရွားမႈေတြကို ရပ္နားထားတဲ့ ေနျခည္ဦးက အြန္လိုင္းကေန ေစ်းေရာင္းခ်ျခင္းကို ျပဳလုပ္ေနျပီး သူမရရိွတဲ့ အနုပညာေၾကးေတြကို ျပန္လည္လွဴဒါန္းဖို့ စီမံေနလ်က္ရိွပါတယ္။

မေန့က နိုဝင္ဘာလ (၁) ရက္ေန့မွာေတာ့ ေနျခည္ဦးက ရတနာဆိုင္ၾကီးေတြအတြက္လည္းေစ်းေရာင္းေပးရင္း တန္ဖိုးၾကီးလက္ဝတ္ရတနာေတြကိုျပန္လည္ဝယ္ယူကာ ကုိယ့္ကိုကုိယ္ဆုခ်ခဲ့ေၾကာင္းကို “တစ္ႏိုင္ငံလုံး ေက်ာက္ခ်စ္သူေတြ ဒီည She Shines Sales မွာ ေက်ာက္မ်က္ေကာင္းေတြ အမ်ားႀကီးရသြားၿပီေနာ္။ ေနျခည္ဦးေလးလည္း ရသြားပါၿပီ။ GRS certified ပတၱျမားနားကပ္ေလးရယ္ လက္စြပ္ေလးရယ္ ဘဝရဲ႕အမွတ္တရ 🥰❤️ေနျခည့္ကိုေကာ ပရိသတ္ေတြက္ိုေကာ၊ ေစ်းေတြအမ်ားႀကီး ေလွ်ာ့ေပးတဲ့ She Shines ကို သိပ္ေက်းဇူးတင္တယ္။ 😘😘😘” ဆိုျပီး သူမဝယ္ယူထားတဲ့ လက္ဝတ္ရတနာေတြကို ခ်ျပလာခဲ့ပါတယ္။

ေနျခည္ဦးကေတာ့ လက္ဝတ္ရတနာေတြမ်ားစြာကို ဝယ္ယူစုေဆာင္းေနတာ ပရိသတ္ၾကီးလည္း သတိထားမိၾကမယ္ ထင္ပါတယ္။ ေနျခည္ဦးတစ္ေယာက္ ေနာက္ထပ္ရတနာေပါင္းမ်ားစြာ ဝယ္ယူစုေဆာင္းနိုင္ျပီး ရတနာစိန္ေက်ာက္ဇယ္ေတာက္ကစားနုိင္ပါေစေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Chi Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရတနာဆိုင်ကြီးတွေအတွက်ဈေးရောင်းပေးရင်း တန်ဖိုးကြီးလက်ဝတ်ရတနာတွေကိုပြန်လည်ဝယ်ယူကာ ကိုယ့်ကိုကိုယ်ဆုချခဲ့တဲ့ နေခြည်ဦး

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတရားတွေကို အပြည့်အဝရရှိထားတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ သူမရဲ့ကြိုးစားမှုကြောင့် ပရိသတ်ပေးတဲ့ နေရာတစ်ခု အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးတစ်ဦးနေရာကနေ ပါဝင်နေရပြီဖြစ်တဲ့ နေခြည်ဦးကတော့ တစ်နေ့တစ်ခြား အလှတွေတိုးလာပြီး ပိုပိုလှလာတာလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပင်ရှားမှုတွေကို ရပ်နားထားတဲ့ နေခြည်ဦးက အွန်လိုင်းကနေ ဈေးရောင်းချခြင်းကို ပြုလုပ်နေပြီး သူမရရှိတဲ့ အနုပညာကြေးတွေကို ပြန်လည်လှူဒါန်းဖို့ စီမံနေလျက်ရှိပါတယ်။

မနေ့က နိုဝင်ဘာလ (၁) ရက်နေ့မှာတော့ နေခြည်ဦးက ရတနာဆိုင်ကြီးတွေအတွက်လည်းဈေးရောင်းပေးရင်း တန်ဖိုးကြီးလက်ဝတ်ရတနာတွေကိုပြန်လည်ဝယ်ယူကာ ကိုယ့်ကိုကိုယ်ဆုချခဲ့ကြောင်းကို “တစ်နိုင်ငံလုံး ကျောက်ချစ်သူတွေ ဒီည She Shines Sales မှာ ကျောက်မျက်ကောင်းတွေ အများကြီးရသွားပြီနော်။ နေခြည်ဦးလေးလည်း ရသွားပါပြီ။ GRS certified ပတ္တမြားနားကပ်လေးရယ် လက်စွပ်လေးရယ် ဘဝရဲ့အမှတ်တရ 🥰❤️နေခြည့်ကိုကော ပရိသတ်တွေကိုကော၊ ဈေးတွေအများကြီး လျှော့ပေးတဲ့ She Shines ကို သိပ်ကျေးဇူးတင်တယ်။ 😘😘😘” ဆိုပြီး သူမဝယ်ယူထားတဲ့ လက်ဝတ်ရတနာတွေကို ချပြလာခဲ့ပါတယ်။

နေခြည်ဦးကတော့ လက်ဝတ်ရတနာတွေများစွာကို ဝယ်ယူစုဆောင်းနေတာ ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။ နေခြည်ဦးတစ်ယောက် နောက်ထပ်ရတနာပေါင်းများစွာ ဝယ်ယူစုဆောင်းနိုင်ပြီး ရတနာစိန်ကျောက်ဇယ်တောက်ကစားနိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!