သီတင္းကြ်တ္လျပည့္လေလးကို ေဆးရံုက အခန္းေလးထဲမွာပဲ ေရာင္စံုမီးေလးေတြထြန္းျပီး ျဖတ္သန္းခဲ့ၾကတဲ့ ေက်ာ္သူနဲ့ ထြန္းကိုကို

ပရဟိတမင္းသားၾကီးေတြျဖစ္တဲ့ ေက်ာ္သူနဲ့ ထြန္းကိုကိုကေတာ့ လူမႈကူညီေရးအလုပ္ေတြကို စြမ္းစြမ္းတမံလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေက်ာ္သူနဲ့ ထြန္းကိုကိုက Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရျပီး ေျမာက္ဥကၠလာ ေဝဘာဂီေဆးရံုၾကီးမွာ ေဆးကုသမႈခံယူေနလ်က္ရိွပါတယ္။ မေန့က သီတင္းကြ်တ္လျပည့္ေန့ေလးမွာေတာ့ ေက်ာ္သူက ထြန္းကိုကိုက ေဆးရံုက အခန္းေလးထဲမွာပဲ ေရာင္စံုမီးေလးေတြထြန္းျပီး ျဖတ္သန္းခဲ့ၾကပံုကို အခုလုိပဲ ေျပာျပလာပါတယ္။

“ေဝဘာဂီ ေရာင္စုံမီးပူေဇာ္ပြဲမွ ပင့္ဖိတ္ပူေဇာ္ႀကိဳဆိုပါတယ္ခင္ဗ်။ ယေန႔ည ျပင္ပေလာကတြင္ေရာင္စုံမီးမ်ားထြန္းျခင္း၊ဆီမီးမ်ားပူေဇာ္ျခင္းစသည္တို႔ျပဳလုပ္ေနသည္ႏွင့္အညီ ကြၽန္ေတာ္တို႔ အခန္းေအာင္းေနရသည့္ ကိုဗစ္ေဝဒနာရွင္မ်ားအတြက္ ေဝဘာဂီေဆး႐ုံအုပ္ခ်ဳပ္မႈအပိုင္းမွ ဆရာဝန္မႀကီးက လူနာမ်ားအတြက္ ေရာင္စုံမီးပြင့္မီးတန္းေလးမ်ားအားလိုက္လံေပးေဝလႉဒါန္းမႈေၾကာင့္ ကြၽန္ေတာ္တို႔၏မ်က္စိအျမင္မ်ားထူးျခားစြာၾကည္လင္ဝင္းပ လွပခဲ့ရသည္။ ဤသို႔လုပ္ေဆာင္ေပးျခင္းသည္လည္း ကိုဗစ္လူနာမ်ားကုသေရးတြင္ စိတ္ဓါတ္ စြမ္းအင္ျမင့္တင္ေပးသည့္ ကုထုံးသစ္ တစ္ရပ္ျဖစ္ေစမည္မွာ အမွန္ပင္။”

“ယေန႔ည အခန္းတြင္းမွ တိုက္ပိတ္ကာျမတ္စြာဘုရားရွင္ႏွင့္သမာေဒဝနတ္ျမတ္ မ်ားအားပူေဇာ္ပြဲက်င္းပရင္းျဖင့္ ေမတၱာပို႔၊ဂုဏ္ေတာ္ပြါး၊အဓိ႒ာန္ပုတီးစိတ္၊ဝင္ေလ ထြက္ေလရႈျခင္းျဖင့္ ရရွိလာမည့္ေကာင္းမႈအစုစုအား အလုံးစုံေသာ လူနတ္ျဗဟၼာသတၱဝါအေပါင္းအား အမွ်ေပးေဝငွပါမည္။ အားလုံး ကုသိုလ္အမွ် အမွ် အမွ်ယူေတာ္မူၾကပါကုန္ေသာ္။ သာဓု သာဓု သာဓု။ သက္ရွည္က်န္းမာ ခ်မ္းသာကာ ေသာကကင္းေဝးၿငိမ္းခ်မ္း သာယာဝေျပာ၍ ကပ္ေဘးအမ်ိဳးမ်ိဳးမွကင္းေဝးၾကပါေစသား ” ဆိုျပီး ေက်ာ္သူက သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေျပာျပလာခဲ့ပါတယ္။

ေက်ာ္သူနဲ့ ထြန္းကိုကိုကေတာ့ ဗုဒၶဘာသာဝင္ေတြပီပီ သီတင္းကြ်တ္လျပည့္ညေလးမွာ ဆီမီးပူေဇာ္ရင္း ေဆးရံုက အခန္းေလးထဲမွာပဲ ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ ေက်ာ္သူနဲ့ ထြန္းကိုကိုတို့ အျမန္ဆံုး ေရာဂါသက္သာျပီး ေဆးရံုေပၚက ဆင္းနိုင္ပါေစလုိ့ ဆုေတာင္းေမတၱာပို့လိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သီတင်းကျွတ်လပြည့်လလေးကို ဆေးရုံက အခန်းလေးထဲမှာပဲ ရောင်စုံမီးလေးတွေထွန်းပြီး ဖြတ်သန်းခဲ့ကြတဲ့ ကျော်သူနဲ့ ထွန်းကိုကို

ပရဟိတမင်းသားကြီးတွေဖြစ်တဲ့ ကျော်သူနဲ့ ထွန်းကိုကိုကတော့ လူမှုကူညီရေးအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျော်သူနဲ့ ထွန်းကိုကိုက Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေလျက်ရှိပါတယ်။ မနေ့က သီတင်းကျွတ်လပြည့်နေ့လေးမှာတော့ ကျော်သူက ထွန်းကိုကိုက ဆေးရုံက အခန်းလေးထဲမှာပဲ ရောင်စုံမီးလေးတွေထွန်းပြီး ဖြတ်သန်းခဲ့ကြပုံကို အခုလိုပဲ ပြောပြလာပါတယ်။

“ဝေဘာဂီ ရောင်စုံမီးပူဇော်ပွဲမှ ပင့်ဖိတ်ပူဇော်ကြိုဆိုပါတယ်ခင်ဗျ။ ယနေ့ည ပြင်ပလောကတွင်ရောင်စုံမီးများထွန်းခြင်း၊ဆီမီးများပူဇော်ခြင်းစသည်တို့ပြုလုပ်နေသည်နှင့်အညီ ကျွန်တော်တို့ အခန်းအောင်းနေရသည့် ကိုဗစ်ဝေဒနာရှင်များအတွက် ဝေဘာဂီဆေးရုံအုပ်ချုပ်မှုအပိုင်းမှ ဆရာဝန်မကြီးက လူနာများအတွက် ရောင်စုံမီးပွင့်မီးတန်းလေးများအားလိုက်လံပေးဝေလှူဒါန်းမှုကြောင့် ကျွန်တော်တို့၏မျက်စိအမြင်များထူးခြားစွာကြည်လင်ဝင်းပ လှပခဲ့ရသည်။ ဤသို့လုပ်ဆောင်ပေးခြင်းသည်လည်း ကိုဗစ်လူနာများကုသရေးတွင် စိတ်ဓါတ် စွမ်းအင်မြင့်တင်ပေးသည့် ကုထုံးသစ် တစ်ရပ်ဖြစ်စေမည်မှာ အမှန်ပင်။”

“ယနေ့ည အခန်းတွင်းမှ တိုက်ပိတ်ကာမြတ်စွာဘုရားရှင်နှင့်သမာဒေဝနတ်မြတ် များအားပူဇော်ပွဲကျင်းပရင်းဖြင့် မေတ္တာပို့၊ဂုဏ်တော်ပွါး၊အဓိဋ္ဌာန်ပုတီးစိတ်၊ဝင်လေ ထွက်လေရှုခြင်းဖြင့် ရရှိလာမည့်ကောင်းမှုအစုစုအား အလုံးစုံသော လူနတ်ဗြဟ္မာသတ္တဝါအပေါင်းအား အမျှပေးဝေငှပါမည်။ အားလုံး ကုသိုလ်အမျှ အမျှ အမျှယူတော်မူကြပါကုန်သော်။ သာဓု သာဓု သာဓု။ သက်ရှည်ကျန်းမာ ချမ်းသာကာ သောကကင်းဝေးငြိမ်းချမ်း သာယာဝပြော၍ ကပ်ဘေးအမျိုးမျိုးမှကင်းဝေးကြပါစေသား ” ဆိုပြီး ကျော်သူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောပြလာခဲ့ပါတယ်။

ကျော်သူနဲ့ ထွန်းကိုကိုကတော့ ဗုဒ္ဓဘာသာဝင်တွေပီပီ သီတင်းကျွတ်လပြည့်ညလေးမှာ ဆီမီးပူဇော်ရင်း ဆေးရုံက အခန်းလေးထဲမှာပဲ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်သူနဲ့ ထွန်းကိုကိုတို့ အမြန်ဆုံး ရောဂါသက်သာပြီး ဆေးရုံပေါ်က ဆင်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!