သီတင္းကြ်တ္မွာ မဂၤလာရိွတဲ့ သတင္းေကာင္းေလးတစ္ခုအေၾကာင္း ပရိသတ္ေတြကို ဝမ္းသာစြာေဝမွ်ေပးလာခဲ့တဲ့ ရတနာမိုင္

အဆိုေတာ္ႀကီး မိုင္ရဲ႕ ခ်ိဳသာတဲ့ သီခ်င္းဆိုစြမ္းရည္ကို အေမြဆက္ခံရရိွထားတဲ့ ရတနာမိုင္က အႏုပညာသက္တမ္း(၁၀) ႏွစ္ေက်ာ္တိုင္ ေအာင္ျမင္မႈေတြ ရရိွခဲ့သူပါ။ ရတနာမိုင္က သူမရဲ႕ ဂီတသက္တမ္းတစ္ေလ်ွာက္ ေတးသီခ်င္းအယ္လ္ဘမ္မ်ားစြာကိုလည္း ထုတ္လုပ္ႏိုင္ခဲ့ၿပီး အျမိဳ့ျမိဳ့ အနယ္နယ္က ပရိသတ္ေတြရဲ႕ အားေပးျခင္းကို တစ္ခဲနက္ ခံထားရသူ ျဖစ္ပါတယ္။ ရတနာမိုင္က လက္ရိွအခ်ိန္ထိတိုင္ သူမဝါသနာပါရာ အနုပညာအလုပ္ေတြကို တစိုက္မတ္မတ္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။

ဒီကေန့ နိုဝင္ဘာလ (၁) ရက္ေန့ကေတာ့ ရတနာမိုင္က မဂၤလာရိွတဲ့ သတင္းေကာင္းေလးတစ္ခုအေၾကာင္း ပရိသတ္ေတြကို ေဝမွ်ေပးလာခဲ့ပါတယ္။ ရတနာမိုင္က သီတင္းကြ်တ္မွာ ထီဆု (၅) ေသာင္းဆုကို ဆြတ္ခူးနိုင္ခဲ့ေၾကာင္း “သီတင္းကြၽတ္မွာေပါက္တဲ့ ထီ ၅ေသာင္းဆုေလး တန္ဖိုးထားပါတယ္ 👏👏” ဆိုျပီး သူမရဲ့ ဝမ္းသာစရာ သတင္းေလးတစ္ခုကို ဝမ္းသာအားရ မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။

ရတနာမိုင္ကေတာ့ ထီဆုေတြကို မၾကာခဏဆြတ္ခူးေလ့ရိွေပမယ့္ သီတင္းကြ်တ္မွာ ေပါက္တဲ့ ထီဆုေလးကို ပိုမိုတန္ဖိုးထားေၾကာင္းေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ရတနာမိုင္ရဲ့ သတင္းေကာင္းေလးအတြက္ ထပ္တူဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yadanar My ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သီတင်းကျွတ်မှာ မင်္ဂလာရှိတဲ့ သတင်းကောင်းလေးတစ်ခုအကြောင်း ပရိသတ်တွေကို ဝမ်းသာစွာဝေမျှပေးလာခဲ့တဲ့ ရတနာမိုင်

အဆိုတော်ကြီး မိုင်ရဲ့ ချိုသာတဲ့ သီချင်းဆိုစွမ်းရည်ကို အမွေဆက်ခံရရှိထားတဲ့ ရတနာမိုင်က အနုပညာသက်တမ်း(၁၀) နှစ်ကျော်တိုင် အောင်မြင်မှုတွေ ရရှိခဲ့သူပါ။ ရတနာမိုင်က သူမရဲ့ ဂီတသက်တမ်းတစ်လျှောက် တေးသီချင်းအယ်လ်ဘမ်များစွာကိုလည်း ထုတ်လုပ်နိုင်ခဲ့ပြီး အမြို့မြို့ အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက် ခံထားရသူ ဖြစ်ပါတယ်။ ရတနာမိုင်က လက်ရှိအချိန်ထိတိုင် သူမဝါသနာပါရာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁) ရက်နေ့ကတော့ ရတနာမိုင်က မင်္ဂလာရှိတဲ့ သတင်းကောင်းလေးတစ်ခုအကြောင်း ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ်။ ရတနာမိုင်က သီတင်းကျွတ်မှာ ထီဆု (၅) သောင်းဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း “သီတင်းကျွတ်မှာပေါက်တဲ့ ထီ ၅သောင်းဆုလေး တန်ဖိုးထားပါတယ် 👏👏” ဆိုပြီး သူမရဲ့ ဝမ်းသာစရာ သတင်းလေးတစ်ခုကို ဝမ်းသာအားရ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

ရတနာမိုင်ကတော့ ထီဆုတွေကို မကြာခဏဆွတ်ခူးလေ့ရှိပေမယ့် သီတင်းကျွတ်မှာ ပေါက်တဲ့ ထီဆုလေးကို ပိုမိုတန်ဖိုးထားကြောင်းပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရတနာမိုင်ရဲ့ သတင်းကောင်းလေးအတွက် ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yadanar My ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!