



Source: Ei Chaw Po’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဘယ်တော့မှချစ်လို့မဝနိုင်တဲ့ တစ်ဦးတည်းသောညီမလေးအတွက် အချစ်တွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အိချောပို

စူစူလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြမယ် ထင်ပါတယ်။ အိချောပိုက အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေရိုက်ကူးကာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်မလည်အောင် ရိုက်ကူးနေရတဲ့ ထိပ်တန်းမင်းသမီးဖြစ်လို့နေပြီ ဖြစ်ပါတယ်။ အိချောပိုက လက်ရှိမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး မိသားစုနဲ့သာ အချိန်တွေကုန်ဆုံးနေလျက်ရှိပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁) ရက်နေ့ကတော့ အိချောပိုရဲ့ တစ်ဦးတည်းသောညီမလေး အိသီရချိုမောင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အိချောပိုက သူမရဲ့ ညီမလေး အိသီရိချိုမောင်အတွက် “Happy Birthday ခလေး 🎂🎁🎈 သက်ရှည်ကျန်းမာပြီး လိုရာဆန္ဒတွေအမြန်ဆုံးပြည့်ပါစေ။ ချစ်တယ် ❤️❤️❤️” ဆိုပြီး ဘယ်တော့မှချစ်လို့မဝနိုင်တဲ့ တစ်ဦးတည်းသောညီမလေးအတွက် အချစ်တွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

အိချောပိုကတော့ သူမရဲ့ ညီမလေးအပေါ် အရမ်းချစ်သူဖြစ်ပြီး ညီမလေးအတွက် လိုအပ်တာမှန်သမျှကို ဖြည့်စည်းပေးတတ်တဲ့ အစ်မကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိချောပိုရဲ့ ညီမလေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ei Chaw Po’s fb
Bilie – Cele Connections

error: Alert: Content is protected !!