Tik Tok အေကာင့္ပ်က္သြားလို႔ ႐ိုက္ႀကီးတငင္ငိုယိုတဲ့ သမီးလတ္ေလးေဖာင္းေဖာင္းေလးအတြက္ စိတ္သက္သာရရေအာင္ ျပဳလုပ္ေပးခဲ့တဲ့ Ah Boy နဲ႔ စင္ဒီ

အဆိုေတာ္ Ah Boy ကေတာ့ သီခ်င္းေတြကိုသီဆိုရင္း တစ္ဖက္မွာလည္း မိသားစုအတြက္လည္း အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ ပီသသူ ျဖစ္ပါတယ္။ Ah Boy က ပထမအိမ္ေထာင္ အဆိုေတာ္ စင္ဒီနဲ႔ တရားဝင္ကြာရွင္းခဲ့ၿပီးၿပီျဖစ္ေပမယ့္ သမီးႏွစ္ေယာက္ျဖစ္တဲ့ ဂ်ဴဂ်ဴးနဲ႔ ေဖာင္းေဖာင္းတို႔ကို တစ္လွည့္စီျပဳစုေစာင့္ေရွာက္ေနတာပဲ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေသာမလိုသူေတြကေတာ့ Ah Boy ရဲ႕ မိသားစုအေရးနဲ႔ ပက္သတ္ၿပီး စိတ္ဝင္တစားရွိၾကေပမယ့္ Ah Boy တို႔ကေတာ့ ထင္ထားတာထက္ပိုၿပီး ေအးေအးေဆးေဆးရွိၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ Ah Boy နဲ႔ စင္ဒီတို႔က Tik Tok အေကာင့္ပ်က္သြားလို႔ ႐ိုက္ႀကီးတငင္ငိုယိုတဲ့ သမီးလတ္ေလး ေဖာင္းေဖာင္းအတြက္ မိဘေတြပီသခဲ့တာကို အခုလိုပဲေတြ႕ရပါတယ္။ စင္ဒီက “Tik Tok သုံးတဲ့သူေတြရွိရင္ follow လုပ္ေပးလိုက္ၾကပါဦး😁 ညက သူ႔အေကာင့္ပ်က္သြားလို႔ ငိုတာရႈိက္ႀကီးတငင္နဲ႔ အေမက လန႔္ေတာင္လန႔္တယ္ ဘာမ်ားျဖစ္တာလဲေပါ့။ အပန္းမႀကီးရင္ follow လုပ္ေပးလိုက္ၾကပါေနာ္။ ကြၽန္မက မသုံးလို႔😁ေက်းဇူးပါ💛 ” ဆိုၿပီး ခင္မင္ရသူေတြကို ေမတၱာရပ္ခံထားသလို Ah Boy ကလည္း “သမီးအလတ္ေလးရဲ႕ TikTok Account ကို Follow လုပ္ေပးပါ…Thank You Guys ❤️” ဆိုျပီး ခင္မင္ရသူေတြကို Follow လုပ္ေပးဖို့ ေျပာလာခဲ့ပါတယ္။

Ah Boy နဲ့ ျမတ္ရတနာေက်ာ္တို့ မိသားစုေလးကလည္း သမီးသံုးေယာက္နဲ့ ေအးေအးေဆးေဆးရိွသလို စင္ဒီကလည္း သူ့ရဲ့ခ်စ္သူနဲ့ ေအးေအးခ်မ္းခ်မ္းရိွျပီး မိသားစုေတြ စည္းစည္းလံုးလံုးရိွတာ တကယ့္ကို ခ်စ္စရာပါပဲ။ ပရိသတ္ၾကီးလည္း အပန္းမၾကီးရင္ Ah Boy ရဲ့ သမီးလတ္ေလး Tik Tok အေကာင့္ကို Follow လုပ္ေပးဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ah Boy ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Tik Tok အကောင့်ပျက်သွားလို့ ရိုက်ကြီးတငင်ငိုယိုတဲ့ သမီးလတ်လေးဖောင်းဖောင်းလေးအတွက် စိတ်သက်သာရရအောင် ပြုလုပ်ပေးခဲ့တဲ့ Ah Boy နဲ့ စင်ဒီ

အဆိုတော် Ah Boy ကတော့ သီချင်းတွေကိုသီဆိုရင်း တစ်ဖက်မှာလည်း မိသားစုအတွက်လည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ပီသသူ ဖြစ်ပါတယ်။ Ah Boy က ပထမအိမ်ထောင် အဆိုတော် စင်ဒီနဲ့ တရားဝင်ကွာရှင်းခဲ့ပြီးပြီဖြစ်ပေမယ့် သမီးနှစ်ယောက်ဖြစ်တဲ့ ဂျူဂျူးနဲ့ ဖောင်းဖောင်းတို့ကို တစ်လှည့်စီပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ တစ်ချို့သောမလိုသူတွေကတော့ Ah Boy ရဲ့ မိသားစုအရေးနဲ့ ပက်သတ်ပြီး စိတ်ဝင်တစားရှိကြပေမယ့် Ah Boy တို့ကတော့ ထင်ထားတာထက်ပိုပြီး အေးအေးဆေးဆေးရှိကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Ah Boy နဲ့ စင်ဒီတို့က Tik Tok အကောင့်ပျက်သွားလို့ ရိုက်ကြီးတငင်ငိုယိုတဲ့ သမီးလတ်လေး ဖောင်းဖောင်းအတွက် မိဘတွေပီသခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။ စင်ဒီက “Tik Tok သုံးတဲ့သူတွေရှိရင် follow လုပ်ပေးလိုက်ကြပါဦး😁 ညက သူ့အကောင့်ပျက်သွားလို့ ငိုတာရှိုက်ကြီးတငင်နဲ့ အမေက လန့်တောင်လန့်တယ် ဘာများဖြစ်တာလဲပေါ့။ အပန်းမကြီးရင် follow လုပ်ပေးလိုက်ကြပါနော်။ ကျွန်မက မသုံးလို့😁ကျေးဇူးပါ💛 ” ဆိုပြီး ခင်မင်ရသူတွေကို မေတ္တာရပ်ခံထားသလို Ah Boy ကလည်း “သမီးအလတ်လေးရဲ့ TikTok Account ကို Follow လုပ်ပေးပါ…Thank You Guys ❤️” ဆိုပြီး ခင်မင်ရသူတွေကို Follow လုပ်ပေးဖို့ ပြောလာခဲ့ပါတယ်။

Ah Boy နဲ့ မြတ်ရတနာကျော်တို့ မိသားစုလေးကလည်း သမီးသုံးယောက်နဲ့ အေးအေးဆေးဆေးရှိသလို စင်ဒီကလည်း သူ့ရဲ့ချစ်သူနဲ့ အေးအေးချမ်းချမ်းရှိပြီး မိသားစုတွေ စည်းစည်းလုံးလုံးရှိတာ တကယ့်ကို ချစ်စရာပါပဲ။ ပရိသတ်ကြီးလည်း အပန်းမကြီးရင် Ah Boy ရဲ့ သမီးလတ်လေး Tik Tok အကောင့်ကို Follow လုပ်ပေးဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ah Boy ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!