ေမြးေန့ရွင္ေဖေဖ့ဆီက တန္ဖိုးလံုးဝမျဖတ္နိုင္တဲ့ လက္ေဆာင္ေကာင္းတစ္ခုကို ျပန္လည္ရရိွခဲ့တဲ့ ယြန္းယြန္း

ပရိသတ္ေတြ ငယ္စဥ္ကတည္းက အားေပးခ်စ္ခင္ၾကရတဲ့ ယြန္းယြန္းက အသက္ (၂၀) ေက်ာ္ အပ်ိဳျဖန္းေလးတစ္ေယာက္ ျဖစ္လို့ေနျပီ ျဖစ္ပါတယ္။။ အသက္အ႐ြယ္တစ္ခုကို ရရွိလာၿပီျဖစ္တဲ့ ယြန္းယြန္းက အခုဆိုရင္ ရန္ကုန္တကၠသိုလ္မွာ ပညာသင္ၾကားေနရင္း တစ္ဖက္မွာလည္း အႏုပညာလုပ္ငန္းေတြကို လက္လွမ္းမွီသေလာက္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ယြန္းယြန္းက အနုပညာအလုပ္ေတြထက္ ေက်ာင္းပညာေရးကိုသာ ဦးစားေပးေနတာမို့ ေပါ့ေပါ့ပါးပါးရိွတဲ့ ေၾကာ္ျငာေတြကိုသာ ရိုက္ကူးေနတာ ျဖစ္ပါတယ္။

မေန့က ေအာက္တိုဘာလ (၃၀) ရက္ေန့ကေတာ့ ယြန္းယြန္း အခ်စ္ရဆံုးေသာ ေဖေဖရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ယြန္းယြန္းက ေမြးေန့ရွင္ေဖေဖဆီက တန္ဖိုးမျဖတ္နိုင္တဲ့ လက္ေဆာင္ေကာင္းတစ္ခုကို ျပန္လည္ရရိွခဲ့တဲ့အေၾကာင္းကို “Happy Birthday Phay Phay 🎂💗ေမြးေန႔မွာ ေပ်ာ္ရႊင္ရသလိုပဲ တစ္ႏွစ္လုံးလဲေပ်ာ္ရႊင္ရပါေစ။ ဒီႏွစ္မွာ ေမြးေန႔အမွတ္တရအေနနဲ႔ ေဆးလိပ္ျဖတ္တဲ့လက္ေဆာင္ျပန္ေပးလို႔လဲ ေက်းဇူးပါ 🤍 က်န္းက်န္းမာမာ၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ သမီးအနားမွာ အသက္ရွည္ရွည္ေနေပးပါ 🙏🏻” ဆိုျပီး ေဖေဖ့အတြက္ ေမြးေန့ဆုေတာင္းေပးထားတာကို ေတြ့ရပါတယ္။

ယြန္းယြန္းကေတာ့ ေဖေဖ့ရဲ့ ေမြးေန့မွာ ေဆးလိပ္ျဖတ္ေပးမယ္ဆိုတဲ့ လက္ေဆာင္ကို ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ယြန္းယြန္းတို့ မိသားစုေလး အခုလိုပဲ အျမဲတမ္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ့ သက္ဆံုးတိုင္ အတူတူေနထိုင္နိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yoon Yoon’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့ရှင်ဖေဖေ့ဆီက တန်ဖိုးလုံးဝမဖြတ်နိုင်တဲ့ လက်ဆောင်ကောင်းတစ်ခုကို ပြန်လည်ရရှိခဲ့တဲ့ ယွန်းယွန်း

ပရိသတ်တွေ ငယ်စဉ်ကတည်းက အားပေးချစ်ခင်ကြရတဲ့ ယွန်းယွန်းက အသက် (၂၀) ကျော် အပျိုဖြန်းလေးတစ်ယောက် ဖြစ်လို့နေပြီ ဖြစ်ပါတယ်။။ အသက်အရွယ်တစ်ခုကို ရရှိလာပြီဖြစ်တဲ့ ယွန်းယွန်းက အခုဆိုရင် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေရင်း တစ်ဖက်မှာလည်း အနုပညာလုပ်ငန်းတွေကို လက်လှမ်းမှီသလောက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယွန်းယွန်းက အနုပညာအလုပ်တွေထက် ကျောင်းပညာရေးကိုသာ ဦးစားပေးနေတာမို့ ပေါ့ပေါ့ပါးပါးရှိတဲ့ ကြော်ငြာတွေကိုသာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၃၀) ရက်နေ့ကတော့ ယွန်းယွန်း အချစ်ရဆုံးသော ဖေဖေရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ယွန်းယွန်းက မွေးနေ့ရှင်ဖေဖေဆီက တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကောင်းတစ်ခုကို ပြန်လည်ရရှိခဲ့တဲ့အကြောင်းကို “Happy Birthday Phay Phay 🎂💗မွေးနေ့မှာ ပျော်ရွှင်ရသလိုပဲ တစ်နှစ်လုံးလဲပျော်ရွှင်ရပါစေ။ ဒီနှစ်မှာ မွေးနေ့အမှတ်တရအနေနဲ့ ဆေးလိပ်ဖြတ်တဲ့လက်ဆောင်ပြန်ပေးလို့လဲ ကျေးဇူးပါ 🤍 ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သမီးအနားမှာ အသက်ရှည်ရှည်နေပေးပါ 🙏🏻” ဆိုပြီး ဖေဖေ့အတွက် မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

ယွန်းယွန်းကတော့ ဖေဖေ့ရဲ့ မွေးနေ့မှာ ဆေးလိပ်ဖြတ်ပေးမယ်ဆိုတဲ့ လက်ဆောင်ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယွန်းယွန်းတို့ မိသားစုလေး အခုလိုပဲ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ သက်ဆုံးတိုင် အတူတူနေထိုင်နိုင်ကြပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yoon Yoon’s fb
Bilie – Cele Connections

error: Alert: Content is protected !!