



Source: Candy’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သီတင်းကျွတ်လပြည့်ညလေးကို အိမ်သားတွေနဲ့အတူတူ ပကာသနတွေကင်းကင်း အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ရွှေမှုံရတီ

နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေ တဖွဲဖွဲရရှိခဲ့သူပါ။ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရင်းနဲ့ အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့ ရွှေမှုံရတီက အသက် (၂၀) စွန်းစွန်းအရွယ်မှာတင် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမှုံရတီက သူမရဲ့ အောင်မြင်မှုတွေ ထိပ်ဆုံးရောက်ရှိနေချိန်မှာပဲ အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်ရှင်မင်းသမီးအဖြစ် ခံယူခဲ့တာပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရှင်မကြီးတစ်ယောက်ဖြစ်ပြီး ရင့်ကျက်တည်ငြိမ်နေပြီဖြစ်တဲ့ ရွှေမှုံရတီကတော့ သူမရဲ့ အားလပ်ချိန်တွေကို မိသားစုတွေနဲ့သာ မျှဝေခံစားတတ်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေမှုံရတီက သီတင်းကျွတ်လပြည့်ညလေးကို အိမ်သားတွေနဲ့အတူတူ ပကာသနတွေကင်းကင်း ပျော်ရွှင်စွာဖြတ်သန်းနေတာကို အခုလိုပဲ တွေ့ရပါတယ်။

ရွှေမှုံရတီကတော့ သူမရဲ့ သီတင်းကျွတ်လပြည့်နေ့လေးကို မနက်ပိုင်းမှာ အလှူတွေပြုလုပ်ခဲ့သလို ညပိုင်းမှာတော့ နေအိမ်မှာပဲ မီးပုံးလေးတွေထွန်းပြီး အေးချမ်းစွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော သီတင်းကျွတ်လပြည့်နေ့မှာ ဘာတွေလုပ်ဖြစ်ကြလဲ ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Candy’s fb
Bilie – Cele Connections

error: Alert: Content is protected !!