



ယူနီကုဒ်ဖြင့်ဖတ်ရန်

သီတင်းကျွတ်လက်ဆောင်တွေပို့ပေးတဲ့ ငယ်သူငယ်ချင်း ခန့်စည်သူအတွက် အရေးအကြီးဆုံးဆုတောင်းစကားလေးပြောခဲ့တဲ့ နန္ဒာလှိုင်

နိုင်ငံကျော် မင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ နန္ဒာလှိုင်နဲ့ ခန့်စည်သူတို့ကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာအတူတူကြင်လည်ခဲ့ကြပြီး အလုပ်တွေကိုလည်း အတူတူလုပ်ကိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ခန့်စည်သူနဲ့ နန္ဒာလှိုင်တို့ ရိုက်ကူးတဲ့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတိုင်းက ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေများစွာ ရရှိခဲပြီး လူကြိုက်များခဲ့တာပဲ ဖြစ်ပါတယ်။ ခန့်စည်သူကတော့ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေခဲ့ပြီး နန္ဒာလှိုင်ကတော့ အိမ်ထောင်ရှင်မကြီးတစ်ယောက်ဖြစ်သွားတာကြောင့် အနုပညာလောကနဲ့ လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေ အတူတူမလုပ်ကိုင်ဖြစ်တော့ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးနေကြဆဲဖြစ်တဲ့ ခန့်စည်သူနဲ့ နန္ဒာလှိုင်တို့ သူငယ်ချင်းနှစ်ယောက်က အခါကြီးရက်ကြီးတွေမှာလည်း တစ်အိမ်နဲ့တစ်အိမ် လက်ဆောင်တွေပို့ပေးကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နန္ဒာလှိုင်က သီတင်းကျွတ်လက်ဆောင်တွေပို့ပေးတဲ့ ငယ်သူငယ်ချင်း ခန့်စည်သူကို “ကိုခန့်ရေ သီတင်းကျွတ်လက်ဆောင်တွေပို့ပေးလိုက်လို့ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းလူပျိုကြီးဘဝကအမြန်ကျွတ်ပါစေရှင့်❤️” ဆိုပြီး ကျေးဇူးတင် ဆုတောင်းစကားလေး ပြောခဲ့တာကို တွေ့ရပါတယ်။

နန္ဒာလှိုင်ကတော့ ချစ်သူငယ်ချင်း လူပျိုကြီး ခန့်စည်သူအတွက် အရေးအကြီးဆုံး ဆုတောင်းစကားလေးကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ဆုတောင်းပေးသလိုပဲ ခန့်စည်သူတစ်ယောက် လူပျိုကြီးဘဝက အမြန်ဆုံးကျွတ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nandar Hlaing ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!