



Source: Khin Hlwan’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုယ်ဝန်ဆောင် ဇနီးလောင်းအတွက် စိတ်အပူလွန်ပြီး အားဆေးတွေကအစ ကိုယ်တိုင်လိုက်သောက်နေတယ်ဆိုတဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးကတော့ အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေတစ်ဖက်လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ချစ်သူလေး ခင်လွှမ်းနဲ့ သာယာအေးချမ်းတဲ့ အချစ်လမ်းခရီးကို အတူတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ ခင်လွှမ်းကလည်း သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားသူလေးမို့ စည်ဖြိုးတို့စုံတွဲလေးက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်သူတွေအဖြစ် ပရိသတ်တွေက တင်စားကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပထမဦးဆုံး ရင်သွေးလေးကို ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့က မကြာခင်မှာ လက်ထပ်ဖို့ ပြင်ဆင်နေကြပြီး ရင်သွေးလေးအတွက်လည်း အစစအရာရာ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ရင်သွေးလေးအတွက် စိတ်လှုပ်ရှားရင်ခုန်နေတဲ့ စည်ဖြိုးကတော့ ကိုယ်ဝန်ဆောင် ဇနီးလောင်း ခင်လွှမ်းအတွက် စိတ်အပူလွန်ပြီး ကိုယ်ဝန်ဆောင် အားဆေးနဲ့ နို့တွေကအစ လိုက်သောက်နေတယ်ဆိုပြီး ခင်လွှမ်းက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အရွှန်းဖောက်ပြောလာပါတယ်။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ မကြာခင်အချိန်အတွင်းမှာ လက်ထပ်ကြတော့မှာဖြစ်ပြီး မင်္ဂလာပွဲအတွက် ပြင်ဆင်နေသလို လူ့လောကထဲရောက်ရှိလာတော့မယ့် ရင်သွေးလေးအတွက်လည်း အစစအရာရာ ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Hlwan’s fb
Bilie – Cele Connections

error: Alert: Content is protected !!