(၂၀၂၀) Holloween အတြက္ နာမည္ၾကီးအရုပ္သရဲ Chucky နဲ့ ပံုစံတူအျပင္အဆင္အတိုင္း ေပၚထြက္လာဦးမယ့္ ေနျခည္ဦး

တစ္နုိင္ငံလံုးက ပရိသတ္ေတြခ်စ္ၾကတဲ့ ေနျခည္ဦးကေတာ့ လူတကာအာရံုစိုက္ခံရသူတစ္ေယာက္ပီပီ ပရိသတ္ေတြအတြက္ မတူညီတဲ့ အျပင္အဆင္ စတိုင္လ္ဒီဇိုင္းေတြနဲ့ အျမဲတမ္း ဆန္းသစ္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ သူမရဲ့ ေအာင္ျမင္လာတဲ့ (၄) နွစ္တာအတြင္းမွာ ပရိသတ္ေတြအတြက္ ျငီးေငြ့သြားျခင္းမရိွေအာင္ ကိုယ့္ကိုကိုယ္ အျမဲတမ္း ေျပာင္းလဲေနတယ္ဆိုတာကိုလည္း အားလံုး သတိထားမိၾကမယ္ ထင္ပါတယ္ေနာ္။ အဲ့ဒါေၾကာင့္လည္း ေနျခည္ဦးက သူမေရာက္ရိွေနတဲ့ ေနရာထက္ ပိုျပီးသာလြန္တဲ့ ေနရာတစ္ခုကို တျဖည္းျဖည္းခ်င္းစီ အေရာက္သြားနိုင္ေနတာပဲ ျဖစ္ပါတယ္။

Beauty Blogger တစ္ေယာက္လည္း ျဖစ္တဲ့ ေနျခည္ဦးက မိတ္ကပ္အျပင္အဆင္နဲ့ ပက္သတ္ျပီးလည္း ေနရာ၊ ေဒသ၊ အခ်ိန္ကာလအလိုက္ မွ်ေဝေပးေလ့ရိွတဲ့ ေနျခည္ဦးက ဒီနွစ္ (၂၀၂၀) မွာေတာ့ အရုပ္သရဲ Chucky နဲ့ပံုစံတူ အျပင္အဆင္အတိုင္း ေပၚထြက္လာမွာပဲ ျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ သူမရဲ့ ပံုေလးတစ္ပံုကိုသာ မွ်ေဝထားျပီး ဗီဒီယိုကိုေတာ့ မၾကာခင္ရက္ပိုင္းအတြင္း မွ်ေဝေပးသြားမွာပဲ ျဖစ္ပါတယ္။

ေနျခည္ဦးကေတာ့ Holloween Make Up ကို ျပင္ဆင္ျပေလ့မရိွေပမယ့္ ဒီနွစ္မွာေတာ့ ထူးထူးျခားျခား တင္ဆက္ေပးသြားမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း Bride of Chucky အျဖစ္ေတြ့ရမယ့္ ေနျခည္ဦးရဲ့ ဗီဒီယိုေလးကို ေစာင့္ေမွ်ာ္ေပးၾကဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Chi Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၂၀၂၀) Holloween အတွက် နာမည်ကြီးအရုပ်သရဲ Chucky နဲ့ ပုံစံတူအပြင်အဆင်အတိုင်း ပေါ်ထွက်လာဦးမယ့် နေခြည်ဦး

တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ကြတဲ့ နေခြည်ဦးကတော့ လူတကာအာရုံစိုက်ခံရသူတစ်ယောက်ပီပီ ပရိသတ်တွေအတွက် မတူညီတဲ့ အပြင်အဆင် စတိုင်လ်ဒီဇိုင်းတွေနဲ့ အမြဲတမ်း ဆန်းသစ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ သူမရဲ့ အောင်မြင်လာတဲ့ (၄) နှစ်တာအတွင်းမှာ ပရိသတ်တွေအတွက် ငြီးငွေ့သွားခြင်းမရှိအောင် ကိုယ့်ကိုကိုယ် အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတာကိုလည်း အားလုံး သတိထားမိကြမယ် ထင်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း နေခြည်ဦးက သူမရောက်ရှိနေတဲ့ နေရာထက် ပိုပြီးသာလွန်တဲ့ နေရာတစ်ခုကို တဖြည်းဖြည်းချင်းစီ အရောက်သွားနိုင်နေတာပဲ ဖြစ်ပါတယ်။

Beauty Blogger တစ်ယောက်လည်း ဖြစ်တဲ့ နေခြည်ဦးက မိတ်ကပ်အပြင်အဆင်နဲ့ ပက်သတ်ပြီးလည်း နေရာ၊ ဒေသ၊ အချိန်ကာလအလိုက် မျှဝေပေးလေ့ရှိတဲ့ နေခြည်ဦးက ဒီနှစ် (၂၀၂၀) မှာတော့ အရုပ်သရဲ Chucky နဲ့ပုံစံတူ အပြင်အဆင်အတိုင်း ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ သူမရဲ့ ပုံလေးတစ်ပုံကိုသာ မျှဝေထားပြီး ဗီဒီယိုကိုတော့ မကြာခင်ရက်ပိုင်းအတွင်း မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ Holloween Make Up ကို ပြင်ဆင်ပြလေ့မရှိပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Bride of Chucky အဖြစ်တွေ့ရမယ့် နေခြည်ဦးရဲ့ ဗီဒီယိုလေးကို စောင့်မျှော်ပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!