အင္ယားစင္တာအတြက္ အလွဴေငြ သိန္း (၅၀) လွဴဒါန္းေပးျပီး Covid-19 လူနာမ်ားကို နႈတ္ဆက္အားေပးစကားေျပာခဲ့ၾကတဲ့ ေလးျဖဴ ၊ မ်ိဳးႀကီးႏွင့္ Iron Cross အဖြဲ႕

ျမန္မာျပည္ရဲ့ Rock ဂီတအဖြဲ့လို့ေျပာလိုက္ရင္ Lead Guitarist ေစာဘြဲ့မွဴး တည္ေထာင္ခဲ့ျပီး ေလးျဖဴ၊ အငဲ၊ မ်ိဳးၾကီး၊ ဝိုင္ဝုိင္းတို့ ပါဝင္တဲ့ Iron Cross အဖြဲ႕ကို ခ်က္ခ်င္းျမင္ေယာင္မိၾကမယ္ ထင္ပါတယ္။ Iron Cross အဖြဲ႕က နွစ္ေပါင္း (၃၀) ေက်ာ္တိုင္ ခမ္းနားၾကီးက်ယ္စြာ ရပ္တည္ခဲ့ျပီး Rock ဂီတ ၾကိဳက္နွစ္သက္သူ ပရိသတ္ေတြၾကားမွာ ဒီေန့ဒီအခ်ိန္ထိ လႊမ္းမိုးမႈရရိွေနဆဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Iron Cross အဖြဲ႕က တစ္နွစ္မွာ ရိႈးပြဲတစ္ၾကိမ္သာသီဆိုျပီး ပရိသတ္ေတြနဲ့ ထိေတြ့မႈရိွခဲ့တာပဲ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၃၀) ရက္ေန့မွာေတာ့ ေလးျဖဴ ၊ မ်ိဳးႀကီးႏွင့္ Iron Cross အဖြဲ႕က ရန္ကုန္ျမိဳ့ အင္ယားစင္တာမွာ (၂) ရက္စာ အဟာရဒါန က်ပ္သိန္း (၅၀) ကို ကိုယ္တိုင္ကိုယ္က် လွဴဒါန္းေပးခဲ့ၾကတာကို ေတြ့ရပါတယ္။ ဒါ့အျပင္ Iron Cross အဖြဲ့သားေတြက အင္းယားစင္တာမွာ တက္ေရာက္ကုသမႈခံယူေနတဲ့ Covid-19 အတည္ျပဳလူနာမ်ားအတြက္ Control room မွတဆင့္ ရင္းရင္းႏွီးႏွီး အားေပးစကားမ်ားေျပာခဲ့ၾကတယ္လို့ သိရပါတယ္။

Iron Cross အဖြဲ႕ထဲက အဆိုေတာ္ မ်ိဳးၾကီးက ျပီးခဲ့တဲ့လပိုင္းအတြင္းက Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရတာျဖစ္ျပီး အခုဆိုရင္ ျပန္လည္က်န္းမာလာခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း Iron Cross အဖြဲ႕သားေတြရဲ့ မြန္ျမတ္လွတဲ့ ကုသိုလ္ထူးအတြက္ ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Inya Centre’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အင်ယားစင်တာအတွက် အလှူငွေ သိန်း (၅၀) လှူဒါန်းပေးပြီး Covid-19 လူနာများကို နှုတ်ဆက်အားပေးစကားပြောခဲ့ကြတဲ့ လေးဖြူ ၊ မျိုးကြီးနှင့် Iron Cross အဖွဲ့

မြန်မာပြည်ရဲ့ Rock ဂီတအဖွဲ့လို့ပြောလိုက်ရင် Lead Guitarist စောဘွဲ့မှူး တည်ထောင်ခဲ့ပြီး လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ ပါဝင်တဲ့ Iron Cross အဖွဲ့ကို ချက်ချင်းမြင်ယောင်မိကြမယ် ထင်ပါတယ်။ Iron Cross အဖွဲ့က နှစ်ပေါင်း (၃၀) ကျော်တိုင် ခမ်းနားကြီးကျယ်စွာ ရပ်တည်ခဲ့ပြီး Rock ဂီတ ကြိုက်နှစ်သက်သူ ပရိသတ်တွေကြားမှာ ဒီနေ့ဒီအချိန်ထိ လွှမ်းမိုးမှုရရှိနေဆဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Iron Cross အဖွဲ့က တစ်နှစ်မှာ ရှိုးပွဲတစ်ကြိမ်သာသီဆိုပြီး ပရိသတ်တွေနဲ့ ထိတွေ့မှုရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၃၀) ရက်နေ့မှာတော့ လေးဖြူ ၊ မျိုးကြီးနှင့် Iron Cross အဖွဲ့က ရန်ကုန်မြို့ အင်ယားစင်တာမှာ (၂) ရက်စာ အဟာရဒါန ကျပ်သိန်း (၅၀) ကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းပေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် Iron Cross အဖွဲ့သားတွေက အင်းယားစင်တာမှာ တက်ရောက်ကုသမှုခံယူနေတဲ့ Covid-19 အတည်ပြုလူနာများအတွက် Control room မှတဆင့် ရင်းရင်းနှီးနှီး အားပေးစကားများပြောခဲ့ကြတယ်လို့ သိရပါတယ်။

Iron Cross အဖွဲ့ထဲက အဆိုတော် မျိုးကြီးက ပြီးခဲ့တဲ့လပိုင်းအတွင်းက Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာဖြစ်ပြီး အခုဆိုရင် ပြန်လည်ကျန်းမာလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Iron Cross အဖွဲ့သားတွေရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်ထူးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Inya Centre’s fb
Bilie – Cele Connections

error: Alert: Content is protected !!