



Source: Nay Myo Aung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သားအငယ်ဆုံးလေးရဲ့ မွေးနေ့ကို နေအိမ်မှာပဲ မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ နေမျိုးအောင်

မင်းသားကြီး နေမျိုးအောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပြီး တစ်နိုင်ငံလုံးက ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားသူတစ်ယောက်ပါ။ နေမျိုးအောင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသလို ပုဂံမြို့မှာရှိတဲ့ သူ့ရဲ့ နေမင်းသား ဟိုတယ်ကို ဦးစီးနေတာပဲ ဖြစ်ပါတယ်။ မင်းသားကြီး နေမျိုးအောင်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မိသားစုလေးကို သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် တည်ဆောက်ပေးနေတာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၂၉) ရက်နေ့ကတော့ နေမျိုးအောင်ရဲ့ သားအငယ်လေး မွေးနေ့ပဲ ဖြစ်ပါတယ်။ နေမျိုးအောင်က သားငယ်လေးအတွက် နေအိမ်မှာပဲ မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ဖန်တီးပေးခဲ့ပြီး “ချစ်ပေါက်မွေးနေ့ မိသားစုရဲ့အချစ်တွေနဲ့ထာဝရအေးချမ်းပြည့်စုံပါစေ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

နေမျိုးအောင်ရဲ့ သားကြီးကတော့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်သလို သားငယ်လေးကတော့ ကျောင်းသားအရွယ်မို့ ပညာတွေသာ သင်ယူနေဆဲ ဖြစ်ပါတယ်။ နေမျိုးအောင်တို့ မိသားစုလေး အစဉ်ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Myo Aung’s fb
Bilie – Cele Connections

error: Alert: Content is protected !!