



Source: Khin Hlwan’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မကြာခင်မှာ ရွှေလက်တွဲ လက်ထပ်ကြတော့ဖို့ Pre Wedding ဓာတ်ပုံတွေရိုက်ကူးပြီး ပြင်ဆင်နေကြပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူနှစ်ဦး

သရုပ်ဆောင် စည်ဖြိုးနဲ့ သရုပ်ဆောင် ခင်လွှမ်းတို့ကတော့ စိတ်တူ ကိုယ်တူနဲ့ ဝါသနာပါ ထပ်တူကျတဲ့ ချစ်သူစုံတွဲလေးဖြစ်တာကြောင့် ရှေ့သွားနောက်လိုက်ညီတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းက အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူတို့ရဲ့ အနာဂတ်အတွက် စီးပွားရေးလုပ်ငန်းတွေကိုလည်း အတူတကွ လုပ်ကိုင်နေကြပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စည်ဖြိုးနဲ့ ခင်လွှမ်းရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် အေးချမ်းတည်ငြိမ်လှတဲ့ အချစ်ရေးကိုပါ စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ရင်သွေးလေးကို ပိုင်ဆိုင်နေရပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူနှစ်ယောက်က နှစ်ဘက်မိဘ သဘောတူကြည်ဖြူစွာနဲ့ မကြာခင်မှာ ရွှေလက်တွဲ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ စည်ဖြိုးရဲ့ မိဘတွေကလည်း သားရှင်ပီပီ မင်္ဂလာဆွမ်းကျွေးပြုလုပ်ဖို့ စီစဉ်နေကြပြီဖြစ်သလို စည်ဖြိုးနဲ့ခင်လွှမ်းကလည်း မင်္ဂလာပွဲကြီးအတွက် Pre Wedding ဓာတ်ပုံတွေ စတင်ရိုက်ကူးပြီး ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူနှစ်ယောက်ကတော့ မင်္ဂလာမဆောင်ခင် ရင်သွေးရရှိခဲ့ပေမယ့် အခုဆိုရင် မင်္ဂလာပွဲကြီး ကျင်းပဖို့ ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူနှစ်ယောက်ကို ကောင်းချီးပေး ဂုဏ်ပြုစကားပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Hlwan’s fb
Bilie – Cele Connections

error: Alert: Content is protected !!