



Source: May Thu’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်ဇနီးမေသူပြုသမျှကို ခေါင်းကြီးငုံ့ပြီးခံခဲ့ရတာကြောင့် ခင်မင်ရသူတွေဆီက စနောက်ခံနေရတဲ့ လွင်မိုး

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး လွင်မိုးကတော့ တစ်ခေတ်တစ်ခါမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ်အခိုင်အမာရရှိခဲ့သူပဲ ဖြစ်ပါတယ်။လွင်မိုးက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေကို တော်တော်ကြီး လျှော့ချခဲ့ပြီး စီးပွားရေးအလုပ်တွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လွင်မိုးက အခုဆိုရင် အသက် (၅၀) ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အသက်အရွယ်ရလာတာနဲ့အမျှ မိသားစုနဲ့သာ ပိုမိုအချိန်ကုန်ဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လွင်မိုးက သူ့ရဲ့ ချစ်ဇနီးမေသူ ပြုသမျှနုနေရပြီး အိမ်မှာပဲ ဆံပင်အညှပ်ခံနေရတာကို ထူးထူးဆန်းဆးန်းနဲ့ပဲ တွ့ရပါတယ်။ လွင်မိုးကတော့ ချစ်ဇနီးမေသူပြုသမျှကို ခေါင်းငုံ့ခံနေရတာကြောင့် လွင်မိုးနဲ့ ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ခန့်စည်သူ၊ Ah Boy၊ ငှက်ပျော်ကြော်၊ ကိုပေါက်၊ မိုက်တီးစသူတွေက ချစ်စနိုးနဲ့ စနောက်ကျီစယ်ခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

လွင်မိုးကတော့ ကိုဗစ် 1st Wave မှာ Mobile Barber Shop နဲ့ ဆံပင်ညှပ်ခံခဲ့ပြီး အခုတော့ ချစ်ဇနီး မေသူ ပြုသမျှ နုနေရတာကြောင့် သူငယ်ချင်းတွေက သဘောကျနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွင်မိုးရဲ့အဖြစ်ကို ကြည့်ပြီး သဘောကျနေကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!