



ယူနီကုဒ်ဖြင့်ဖတ်ရန်

(၂) နှစ်အရွယ်လေးနဲ့ အဖေကိုပြုစုပေးတတ်နေပြီဖြစ်တဲ့ သမီးအငယ်ဆုံးလေး Scarlett ရဲ့ လိမ္မာသိတတ်ပုံကြောင့် ကြည်နူးပီတိဖြစ်နေရတဲ့ Ah Boy

အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော်ကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်အတွင်းကပဲ လက်ထပ်ခဲ့ကြပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Ah Boy ကတော့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီး သူ့ရဲ့ သမီးသုံးယောက်နဲ့ မိသားစုလေးကို ပြည့်ပြည့်စုံစုံထားနိုင်ဖို့ ကြိုးစားနေသူ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော်ကလည်း အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားပြီး သမီးလေးနားမှာသာ အချိန်ပေးဂရုစိုက်နေတဲ့ အိမ်ထောင်ရှင်မကြီးတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

သမီးကြီး ဂျူဂျူး၊ သမီးလတ် ဖောင်းဖောင်းနဲ့ သမီးအငယ်ဆုံးလေး Scarlett ကို ပိုင်ဆိုင်ထားတဲ့ Ah Boy ကတော့ သမီးရှင်ဖေဖေတစ်ယောက်ပီပီ အားကိုးထိုက်တဲ့ ရတနာလေးတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Ah Boy က (၂) နှစ်အရွယ်လေးနဲ့ အဖေကိုပြုစုပေးတတ်နေပြီဖြစ်တဲ့ သမီးအငယ်ဆုံးလေး Scarlett ရဲ့ လိမ္မာပုံလေးကြောင့် ကြည်နူးပီတိဖြစ်နေရပုံကို အခုလိုပဲ တွေ့ရပါတယ်။

Ah Boy ကတော့ အပြင်မှာ စီးပွားရေးကိစ္စတွေနဲ့ ဘယ်လောက်ပဲ အလုပ်များများ သမီးလေးတွေကြောင့် အမောပြေနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ Scarlett လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Phyo Tun ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!