



Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

(၂၀၁၇) ခုနှစ်ကတည်းက စတိတ်ရှိုးတစ်ခုကနေ ရွှေထူးကို သတိထားမိခဲ့တယ်ဆိုတဲ့ ရွှေမှုံရတီ

စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာကို အချိန်တစ်ခုလေးအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ လက်ရှိမှာ ပျော်စရာကောင်းတဲ့ အိမ်ထောင် ရေးတစ်ခုကို ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် နိုဝင်ဘာလအတွင်းမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက် (၂) နှစ်နီးပါးရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ အိမ်ထောင်သက်ကြာလာပြီဆိုပေမယ့် ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ရစ်နှောင်ချည်ပတ်ထားတာပဲ ဖြစ်ပါတယ်။

တိုတောင်းတဲ့ ချစ်သူသက်တမ်းအတွင်းမှာတင် ရုတ်တရက်ကြီး လက်ထပ်ခဲ့တာကြောင့် ပရိသတ်တွေက အမြဲတမ်း သိချင်နေခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်ဇာတ်လမ်းက တကယ့်ကို ကြည်နူးစရာတွေ အပြည့်ပါပဲ။ ဒီကနေ့မှာတော့ ရွှေထူးက သူ့ရဲ့ (၂၀၁၇) ခုနှစ် အောက်တိုဘာလအတွင်းက စတိတ်ရှိုးဗီဒီယိုလေးကို ပြန်လည်မျှဝေရင်း ထိုပွဲလေးကတဆင့် ရွှေမှုံရတီက သူ့ကိုသတိထားမိကြောင်း “မှုန်ကြီး ကျွန်တော့်ကို စသတိထားမိတဲ့ပွဲဆိုပဲ 😁” ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောလာတာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်ရေးကတော့ အစပိုင်းမှာ ဝေဖန်မှုတွေများစွာရှိခဲ့ပေမယ့် အခုဆိုရင် အကုန်လုံး အေးအေးဆေးဆေးနဲ့ သာယာတဲ့ ဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်ဇာတ်လမ်း တစ်စိတ်တစ်ပိုင်းကို သိခွင့်ရလို့ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!