ေငြက်ပ္ (၅) သိန္းထိ ေလလံေဈးျမင့္တက္လာျပီျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္ရဲ့ “ေမွ်ာ္လင့္ျခင္းတံခါးေပါက္” ပန္းခ်ီကား

ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က အႏုပညာနယ္ပယ္မွာ ႏွစ္ေပါင္း (၂၀)ေက်ာ္တိုင္ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိပိုင္ဆိုင္ထားတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က သ႐ုပ္ေဆာင္တဲ့ေနရာမွာ ထူးခြၽန္သလို သူမဝါသနာပါရာအလုပ္ေတြမွာလည္း အခ်ိန္ေပးႀကိဳးစားလုပ္ကိုင္သူတစ္ေယာက္ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က ငယ္စဥ္ကတည္းက ေစာင္းတီးျခင္း၊ ပန္းခ်ီဆြဲျခင္းစတဲ့ အႏုပညာေတြကို သင္ယူဖူးၿပီး တစ္ဖက္ကမ္းခတ္ တတ္ေျမာက္ထားသူ ျဖစ္ပါတယ္။

လက္ရွိမွာလည္း အိျႏၵာေက်ာ္ဇင္က ကိုဗစ္တိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ားမွာ လႉဒါန္းမယ့္ ရံပုံေငြပန္းခ်ီေလလံပြဲမွာ သူမကိုယ္တိုင္ဆြဲထားတဲ့ ပန္းခ်ီကားတစ္ခ်ပ္ကို လႉဒါန္းထားတာ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က သူမရဲ႕ ပန္းခ်ီကားကို “ေမွ်ာ္လင့္ျခင္းတံခါးေပါက္” လို႔ အမည္ေပးထားၿပီး ပန္းခ်ီကားကို ေငြက်ပ္ (၂) သိန္းနဲ႔ ၾကမ္းခင္းေဈးဖြင့္ခဲ့ရာ အခုဆိုရင္ (၅) သိန္းအထိ တိုးျမႇင့္ၿပီးဝယ္ယူသူရွိေနၿပီလို႔ သိရပါတယ္။

အိျႏၵာေက်ာ္ဇင္နဲ႔အတူတူ သူမရဲ႕ သမီးေလး ေျပသုျဒာကလည္း သူမကိုယ္တိုင္ေရးဆြဲထားတဲ့ ပန္းခ်ီကားတစ္ခ်ပ္ကို လႉဒါန္းခဲ့ၿပီး သုသုေရးဆြဲထားတဲ့ ပန္းခ်ီကားကလည္း ေငြက်ပ္ (၂) သိန္းနဲ႔ ဝယ္ယူသူ ရွိေနၿပီပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: 3Color ပန္းခ်ီျပခန္း’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ငွေကျပ် (၅) သိန်းထိ လေလံဈေးမြင့်တက်လာပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ “မျှော်လင့်ခြင်းတံခါးပေါက်” ပန်းချီကား

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာနယ်ပယ်မှာ နှစ်ပေါင်း (၂၀)ကျော်တိုင် အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်တဲ့နေရာမှာ ထူးချွန်သလို သူမဝါသနာပါရာအလုပ်တွေမှာလည်း အချိန်ပေးကြိုးစားလုပ်ကိုင်သူတစ်ယောက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က ငယ်စဉ်ကတည်းက စောင်းတီးခြင်း၊ ပန်းချီဆွဲခြင်းစတဲ့ အနုပညာတွေကို သင်ယူဖူးပြီး တစ်ဖက်ကမ်းခတ် တတ်မြောက်ထားသူ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အိန္ဒြာကျော်ဇင်က ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များမှာ လှူဒါန်းမယ့် ရံပုံငွေပန်းချီလေလံပွဲမှာ သူမကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို လှူဒါန်းထားတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သူမရဲ့ ပန်းချီကားကို “မျှော်လင့်ခြင်းတံခါးပေါက်” လို့ အမည်ပေးထားပြီး ပန်းချီကားကို ငွေကျပ် (၂) သိန်းနဲ့ ကြမ်းခင်းဈေးဖွင့်ခဲ့ရာ အခုဆိုရင် (၅) သိန်းအထိ တိုးမြှင့်ပြီးဝယ်ယူသူရှိနေပြီလို့ သိရပါတယ်။

အိန္ဒြာကျော်ဇင်နဲ့အတူတူ သူမရဲ့ သမီးလေး ပြေသုဒြာကလည်း သူမကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို လှူဒါန်းခဲ့ပြီး သုသုရေးဆွဲထားတဲ့ ပန်းချီကားကလည်း ငွေကျပ် (၂) သိန်းနဲ့ ဝယ်ယူသူ ရှိနေပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: 3Color ပန်းချီပြခန်း’s fb
Bilie – Cele Connections

error: Alert: Content is protected !!