



ယူနီကုဒ်ဖြင့်ဖတ်ရန်

အလှကြိုက်လွန်းတဲ့ သမီးငယ်လေး ဆိုဂျူးရဲ့ ကိုယ်တိုင်လိမ်းထားတဲ့ မိတ်ကပ်အပြင်အဆင်ကြောင့် နောက်မလုပ်ရအောင်တောင် ပြောယူခဲ့ရတဲ့ မိုးမိုး

မုံရွာသား အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မိုးမိုးကတော့ အဆိုတော်တစ်ယောက်အဖြစ် ဂီတလောကမှာ အောင်မြင်ခဲ့ပြီးမှ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုးမိုးက လက်ရှိမှာလည်း သူဝါသနာပါ မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ် စီးပွားရေးလုပ်ငန်းတွေကိုလုည်း ဦးဆောင်ဦးရွက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မိုးမိုးအပြင် မိုးမိုးတို့ရဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

မိုးမိုးကတော့ သမီးမိန်းကလေးဖြစ်တဲ့ ဆိုဂျူးကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ပီပီ အလှကြိုက်တဲ့ သမီးလေးကြောင့်လည်း အမြဲတမ်း အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မိုးမိုးက ကိုယ်တိုင်လိမ်းထားတဲ့ မိတ်ကပ်အပြင်အဆင်နဲ့ သမီးလေး ဆိုဂျူးရဲ့ ဗီဒီယိုလေးကို မျှဝေလာရင်း “Creation make up of xoju 😍😍 စိတ်မပူကြနဲ့နော်။ ကလေးငယ်လေးတွေကို ကလေးမိတ်ကပ်ပဲ ကိုင်ခိုင်းပါတယ်။ အမြဲအဲ့လိုဆော့မှာစိုးလို့ သက်သက် ခြိမ်းခြောက်ထားရတာ 😁😁” ဆိုပြီး အခုလိုပဲ မျှဝေပေးလာပါတယ်။

မိုးမိုးကတော့ သမီးမိန်းကလေးကို မွေးဖွားထားတဲ့ ဖခင်တစ်ယောက်ပီပီ သမီးလေးရဲ့ အလှကြိုက်ပုံကြောင့် ရယ်ရခက် ငိုရခက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးမိုးရဲ့ သမီးလေး ဆိုဂျူးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Sithu Kyaw’s fb
Bilie – Cele Connections

error: Alert: Content is protected !!