သူမ်ားအႏုပညာရွင္သားသမီးေတြလို မလွတာေၾကာင့္ မ်က္ႏွာငယ္ခဲ့ရတဲ့ ေမေမ့အတြက္ ႀကိဳးစားၿပီး ဝိတ္ခ်ေပးခဲ့တယ္ဆိုတဲ့ ေမခလာရဲ႕သမီးေလး ျပည့္ျပည့္

သီခ်င္းျမဴးျမဴးေလးေတြကို သီဆိုတတ္ၿပီး အၿမဲတမ္း သြက္လက္ခ်က္ခ်ာေနတဲ့ အဆိုေတာ္ ေမခလာကေတာ့ ဒီေန႔ဒီအခ်ိန္ထိ ပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈကို ရရွိေနဆဲ ျဖစ္ပါတယ္။ ေမခလာက သ႐ုပ္ေဆာင္ ရန္ေက်ာ္နဲ႔ လက္ထပ္ၿပီး သမီးေလးတစ္ေယာက္တည္းကိုသာ ေမြးဖြားထားၿပီး သာယာေပ်ာ္႐ႊင္တဲ့ မိသားစုေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ (၂)လအတြင္း ကိုယ္အေလးခ်ိန္ ေပါင္(၅၀)ေက်ာ္ ခ်ႏိုင္ခဲ့တဲ့ ေမခလာရဲ႕သမီးေလး ျပည့္ျပည့္က သူမဝိတ္ခ်ရျခင္းအေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“ညီမကို ဝိတ္ခ်ဖို႔ တြန္းအားျဖစ္ေစခဲ့တဲ့ အရာသုံးခုညီမဆီမွာရွိတယ္။ 1. အထူးသျဖင့္ အေမ အေဖ အဘြားနဲ႔ မိသားစုကို စိတ္ခ်မ္းသာေစခ်င္လို႔ သူတို႔က ကိုလွတာကိုအရမ္းျမင္ခ်င္ခဲ့တာဆိုေတာ့ သူတို႔ကိုစိတ္ခ်မ္းသာေစခ်င္လို႔ ၿပီးေတာ့ ေမေမက အႏုပညာရွင္ဆိုေတာ့ သူမ်ားသားသမီးေတြ အရမ္းေခ်ာအရမ္းလွေနေတာ့ သူ႔အေနနဲ႔ မ်က္ႏွာငယ္ခဲ့ရေပါင္းမ်ားၿပီ အဲ့ဒါေၾကာင့္ ေမေမ့ကို စိတ္ခ်မ္းသာေစခ်င္လို႔ 2. သူမ်ားေတြရဲ႕ အေျပာအဆိုခံ ႏွိမ္ခံတာေတြ မခံခ်င္ေတာ့လို႔
3. အရင္က ဝေတာ့ ကိုယ္လက္လႈပ္ရွားမႈမလုပ္ႏိုင္ဘူး။ အဲ့ေတာ့ အေမနဲ႔ ခရီးေတြသြားရင္ အေမ့ကို မကူႏိုင္ခဲ့ဘူး။ အဲ့ဒါေၾကာင့္ အေမနဲ႔ ဘယ္သြားသြား ေမေမ့ကို ကူညီေပးခ်င္လို႔ အဲ့သုံးခ်က္က ညီမကိုတြန္းအားေပးေစခဲ့တာ ” ဆိုျပီး ပြင့္ပြင့္လင္းလင္း ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

ေမခလာရဲ့ သမီးေလးကေတာ့ ငယ္စဥ္ကတည္းက အဝလြန္ခဲ့တာေၾကာင့္ စေနာက္က်ီစယ္ျခင္းကို ခံခဲ့ရျပီး ေမေမ့ကိုလည္း စိတ္ခ်မ္းသာျပီး ေပ်ာ္ေစခ်င္တာေၾကာင့္ ဝိတ္ခ်ခဲ့တယ္လုိ့ ပြင့္ပြင့္လင္းလင္းေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။ ေမေမ့ကိုခ်စ္တဲ့ သမီးေလး ဒီထက္မက ကံေကာင္းျခင္းေတြနဲ့သာ ၾကံဳေတြ့နိုင္ပါေစလုိ့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Pyae Pyae’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူများအနုပညာရှင်သားသမီးတွေလို မလှတာကြောင့် မျက်နှာငယ်ခဲ့ရတဲ့ မေမေ့အတွက် ကြိုးစားပြီး ဝိတ်ချပေးခဲ့တယ်ဆိုတဲ့ မေခလာရဲ့သမီးလေး ပြည့်ပြည့်

သီချင်းမြူးမြူးလေးတွေကို သီဆိုတတ်ပြီး အမြဲတမ်း သွက်လက်ချက်ချာနေတဲ့ အဆိုတော် မေခလာကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။ မေခလာက သရုပ်ဆောင် ရန်ကျော်နဲ့ လက်ထပ်ပြီး သမီးလေးတစ်ယောက်တည်းကိုသာ မွေးဖွားထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ (၂)လအတွင်း ကိုယ်အလေးချိန် ပေါင်(၅၀)ကျော် ချနိုင်ခဲ့တဲ့ မေခလာရဲ့သမီးလေး ပြည့်ပြည့်က သူမဝိတ်ချရခြင်းအကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ညီမကို ဝိတ်ချဖို့ တွန်းအားဖြစ်စေခဲ့တဲ့ အရာသုံးခုညီမဆီမှာရှိတယ်။ 1. အထူးသဖြင့် အမေ အဖေ အဘွားနဲ့ မိသားစုကို စိတ်ချမ်းသာစေချင်လို့ သူတို့က ကိုလှတာကိုအရမ်းမြင်ချင်ခဲ့တာဆိုတော့ သူတို့ကိုစိတ်ချမ်းသာစေချင်လို့ ပြီးတော့ မေမေက အနုပညာရှင်ဆိုတော့ သူများသားသမီးတွေ အရမ်းချောအရမ်းလှနေတော့ သူ့အနေနဲ့ မျက်နှာငယ်ခဲ့ရပေါင်းများပြီ အဲ့ဒါကြောင့် မေမေ့ကို စိတ်ချမ်းသာစေချင်လို့ 2. သူများတွေရဲ့ အပြောအဆိုခံ နှိမ်ခံတာတွေ မခံချင်တော့လို့
3. အရင်က ဝတော့ ကိုယ်လက်လှုပ်ရှားမှုမလုပ်နိုင်ဘူး။ အဲ့တော့ အမေနဲ့ ခရီးတွေသွားရင် အမေ့ကို မကူနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် အမေနဲ့ ဘယ်သွားသွား မေမေ့ကို ကူညီပေးချင်လို့ အဲ့သုံးချက်က ညီမကိုတွန်းအားပေးစေခဲ့တာ ” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

မေခလာရဲ့ သမီးလေးကတော့ ငယ်စဉ်ကတည်းက အဝလွန်ခဲ့တာကြောင့် စနောက်ကျီစယ်ခြင်းကို ခံခဲ့ရပြီး မေမေ့ကိုလည်း စိတ်ချမ်းသာပြီး ပျော်စေချင်တာကြောင့် ဝိတ်ချခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်းပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ မေမေ့ကိုချစ်တဲ့ သမီးလေး ဒီထက်မက ကံကောင်းခြင်းတွေနဲ့သာ ကြုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Pyae Pyae’s fb
Bilie – Cele Connections

error: Alert: Content is protected !!