



ယူနီကုဒ်ဖြင့်ဖတ်ရန်

သူမနဲ့ သမီးလေးပြေသုဒြာရဲ့ ပန်းချီလက်ရာလေးတွေကို ဘယ်သူကများ ပိုင်ဆိုင်ခွင့်နိုင်မလဲဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားနေကြောင်း ပြောလာတဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာနယ်ပယ်မှာ နာမည်တစ်လုံးနဲ့ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အသက်လေးဆယ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦးဖြစ်နေပေမယ့် အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူမဝါသနာပါရာ အလုပ်လေးတွေကိုလည်း အချိန်ပေးလုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ အိန္ဒြာကျော်ဇင်က သူမနဲ့ သမီးလေးပြေသုဒြာရဲ့ ပန်းချီလက်ရာလေးတွေကို ပိုင်ဆိုင်ခွင့်ရနိုင်မယ့် အခွင့်အရေးအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ကဲ! ချစ်ပရိသတ်ကြီးရေ….အူဝဲနဲ့ သမီးလေး ပြေသုဒြာရဲ့ ပန်းချီကားလေးတွေကို ရောင်းနေပြီတဲ့နော်.. လေလံဝင်ဆွဲနေတဲ့ သူတွေကိုကြည့်ပြီး ရင်ခုန်လိုက်တာ😬 ချစ်ပရိသတ်တွေထဲက ဘယ်သူတွေရသွားကြမလဲ မသိဘူး🥰 ကိုဗစ်အလှူဒါနလေးမှာလဲ ပါဝင်ချင်တယ်, အူဝဲ နဲ့ မယ်သုလေးရဲ့ ပန်းချီလက်ရာလေး လဲလိုချင်တယ် ဆိုရင် တော့ လေလံအမြန်ဝင်ဆွဲလိုက်ကြနော်, ပိတ်ရက်က နိုဝင်ဘာလ ၁ရက်နေ့ နေ့လည်၁၁နာရီ တဲ့။ 3Color ပန်းချီပြခန်း မှာ လေလံဝင်ဆွဲရမှာနော်😁😁❤️” ဆိုပြီး ဖိတ်ခေါ်ထားပါတယ်။

အိန္ဒြာကျော်ဇင်ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ အိန္ဒြာကျော်ဇင်ရဲ့ ပန်းချီကားလေးကို ပိုင်ဆိုင်ချင်ကြတာကြောင့် အပြိုင်အဆိုင် လေလံဆွဲနေကြသလို သုသုလေးကိုလည်း ချစ်ကြတာကြောင့် လေလံဆွဲဝယ်ယူနေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

error: Alert: Content is protected !!