ရိုက္ကူးေရးေတြရပ္နားထားေပမယ့္ အိမ္မွာမနားရပဲ ညီမေလးဥဥရဲ့ အလုပ္မွာ လက္တိုလက္ေတာင္း ကူညီေပးေနရတဲ့ ပိုင္ျဖိဳးသု

သရုပ္ေဆာင္ ပိုင္ျဖိဳးသုကေတာ့ ခ်စ္စဖြာ္မ်က္နွာေလးကို ပိုင္ဆိုင္ထားရံုသာမက ဆရာဝန္မေလးတစ္ေယာက္ပီပီ နွလံုးသားေလးလည္း ျဖဴစင္ရိုးသားသူမို့ ပရိသတ္ေတြရဲ့ အခ်စ္ေမတၱာေတြကို အျပည့္အဝပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ပါတယ္။ ပိုင္ျဖိဳးသုရဲ့ ညီမေလး နိုင္ျဖိဳးဥကလည္း အနုပညာအလုပ္ေတြ မလုပ္ကိုင္ေပမယ့္ အစ္မျဖစ္သူနဲ့ အျမဲတမ္း တပူးပူးတတြဲတြဲရိွသူေလးမို့ ပရိသတ္ေတြနဲ့ မစိမ္းသူတစ္ေယာက္ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ ညီအစ္မေတြျဖစ္တဲ့ ပိုင္ျဖိဳးသုနဲ့ နိုင္ျဖိဳးဥတို့ ညီအစ္မနွစ္ေယာက္က တစ္ေယာက္နဲ့တစ္ေယာက္ သူငယ္ခ်င္းေတြလို ပြင့္ပြင့္လင္းလင္းရိွၾကတာေၾကာင့္ ပရိသတ္ေတြက အခ်စ္ပိုေနရတာပဲ ျဖစ္ပါတယ္။

ပိုင္ျဖိဳးသုကေတာ့ ျပီးခဲ့တဲ့လပိုင္းက ဒါရိုက္တာ ခင္လိႈင္ ရိုက္ကူးတဲ့ “ဆိုးေပ” ရိုက္ကူးတဲ့ ရုပ္သံဇာတ္လမ္းတြဲမွာ သရုပ္ေဆာင္ခဲ့ျပီး လက္ရိွမွာေတာ့ ရိုက္ကူးေရးအားလံုးျပီးသြားတာေၾကာင့္ ေနအိမ္မွာပဲ အနားယူေနရတာပဲ ျဖစ္ပါတယ္။ အနုပညာအလုပ္ေတြ ရပ္နားထားေပမယ့္ အလုပ္မနားရေသးတဲ့ ပိုင္ျဖိဳးသုက ညီမေလး နိုင္ျဖိဳးဥရဲ့ အလုပ္ေတြကို ကူညီလုပ္ေဆာင္ေနရေၾကာင္းကို ““ဥလုံး” Kitchen အတြက္လက္တိုလက္ေတာင္းခိုင္းဖို႔ေကာင္မေလးတစ္ေယာက္ရထားတယ္ကြယ္😂” ဆိုျပီး အစ္မျဖစ္သူကို စေနာက္က်ီစယ္ထားပါတယ္။

နိုင္ျဖိဳးဥကေတာ့ အစ္မျဖစ္သူ ပိုင္ျဖိဳးသုကို အရမ္းခ်စ္ျပီး စစေနာက္ေနာက္ရိွသလို ပိုင္ျဖိဳးသုကလည္း ညီမေလး နုိင္ျဖိဳးဥအေပၚ အႏြံတာခံျပီး ခ်စ္ေပးတဲ့ အစ္မေကာင္းတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပိုင္ျဖိဳးသုနဲ့ နိုင္ျဖိဳးဥတို့ ညီအစ္မနွစ္ေယာက္ရဲ့ ျဖစ္ပံုေလးကို သေဘာက်ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Naing Phyoe Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရိုက်ကူးရေးတွေရပ်နားထားပေမယ့် အိမ်မှာမနားရပဲ ညီမလေးဥဥရဲ့ အလုပ်မှာ လက်တိုလက်တောင်း ကူညီပေးနေရတဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ ချစ်စဖွာ်မျက်နှာလေးကို ပိုင်ဆိုင်ထားရုံသာမက ဆရာဝန်မလေးတစ်ယောက်ပီပီ နှလုံးသားလေးလည်း ဖြူစင်ရိုးသားသူမို့ ပရိသတ်တွေရဲ့ အချစ်မေတ္တာတွေကို အပြည့်အဝပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ပိုင်ဖြိုးသုရဲ့ ညီမလေး နိုင်ဖြိုးဥကလည်း အနုပညာအလုပ်တွေ မလုပ်ကိုင်ပေမယ့် အစ်မဖြစ်သူနဲ့ အမြဲတမ်း တပူးပူးတတွဲတွဲရှိသူလေးမို့ ပရိသတ်တွေနဲ့ မစိမ်းသူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ညီအစ်မတွေဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ နိုင်ဖြိုးဥတို့ ညီအစ်မနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေလို ပွင့်ပွင့်လင်းလင်းရှိကြတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ ပြီးခဲ့တဲ့လပိုင်းက ဒါရိုက်တာ ခင်လှိုင် ရိုက်ကူးတဲ့ “ဆိုးပေ” ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ ရိုက်ကူးရေးအားလုံးပြီးသွားတာကြောင့် နေအိမ်မှာပဲ အနားယူနေရတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် အလုပ်မနားရသေးတဲ့ ပိုင်ဖြိုးသုက ညီမလေး နိုင်ဖြိုးဥရဲ့ အလုပ်တွေကို ကူညီလုပ်ဆောင်နေရကြောင်းကို ““ဥလုံး” Kitchen အတွက်လက်တိုလက်တောင်းခိုင်းဖို့ကောင်မလေးတစ်ယောက်ရထားတယ်ကွယ်😂” ဆိုပြီး အစ်မဖြစ်သူကို စနောက်ကျီစယ်ထားပါတယ်။

နိုင်ဖြိုးဥကတော့ အစ်မဖြစ်သူ ပိုင်ဖြိုးသုကို အရမ်းချစ်ပြီး စစနောက်နောက်ရှိသလို ပိုင်ဖြိုးသုကလည်း ညီမလေး နိုင်ဖြိုးဥအပေါ် အနွံတာခံပြီး ချစ်ပေးတဲ့ အစ်မကောင်းတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုနဲ့ နိုင်ဖြိုးဥတို့ ညီအစ်မနှစ်ယောက်ရဲ့ ဖြစ်ပုံလေးကို သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Naing Phyoe Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!