ပရိသတ်တွေရဲ့ စကားကြောင့် ဘယ်တော့မှ ထပ်မ ငိုတော့ဖို့ ကတိစကားလေး ပေးလာခဲ့တဲ့ ထက်ထက်မိုးဦး

တစ်နိုင်ငံလုံးက လူကြီး၊ လူငယ်၊ ယောကျာ်း၊ မိန်းမမရွေး ကြိုက်နှစ်သက်ကြတဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ အောင်မြင်မှုတွေများစွာကိုလည်း ပိုင်ဆိုင်ခဲ့သလို သူမရဲ့ဘဝမှာ အနိမ့်အမြင့်၊ အတက်အကျပေါင်းစုံ နဲ့ ကြုံဆုံရတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့ ပက်သတ်ရင် ကံကောင်းခြင်းမရှိတဲ့ ထက်ထက်မိုးဦးက သူမရဲ့ဘဝမှာ ပရိသတ်တွေပေးတဲ့ အင်အားတွေကြောင့်သာ အကြိမ်ကြိမ် ပြန်ထနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထက်ထက်မိုးဦး က ပရိသတ်တွေရဲ့ စကားကြောင့် ဘယ်တော့မှ ထပ်မငိုတော့ဖို့ ကတိစကားလေး ပေးလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

“ထက်မငိုတော့ဘူးနော်။ ပရိသတ်တွေ က ထက်ကို မ ငို ပါနဲ့တော့တဲ့ ချစ်စရာကောင်းပြီး ပြုံးပြုံးလေးနေရမယ်နော်တဲ့ ။ ထက်လဲ ဘယ်ငိုချင်ပါ့မလဲ ဒါပေမယ့် ထက်ရဲ့ ဘဝမှာ အချိုးအကွေ့တွေများလွန်းတယ်။ ငိုတခါ ရယ်တလှည့်နဲ့ တခါတလေ ကိုယ့်ဘဝဇာတ်လမ်း ကိုယ်ပြန်ကြည့်နေရသလိုပဲ။

ဒီအကယ်ဒမီရုပ်လေး ၂ရုပ် ပြန်ကြည့်မိတိုင်း အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ပရိသတ်တွေ အများကြီး ရှိတယ်ဆိုပြီးတွေးလိုက်ရင် အားတွေရှိသွားရော။အနုပညာသက်တမ်းနှစ် ၃၀ ကျော်လုံး ထက်ဘေးမှာ အမြဲတမ်းရှိနေပေးခဲ့တာ အကယ်ဒမီရုပ် ၂ရုပ် နဲ့ ထက်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အချိန်တိုင်းလက်ခံပေးနေတဲ့ ပရိသတ်ပဲ။”

“ထက်မှာ ဘာမှပိုင်ဆိုင်မှုတွေ မရှိတော့ရင်တောင် ထက်ပရိတ်သတ်တွေ ရှိနေတယ်လေနော်…. ဒါကဘုရားပေးတဲ့ ဆုလာဘ်တခုပေါ့ ။ ထက်လည်း ခုထက် ပိုကြိုးစားမယ်နော်။ထက်ကိုလည်း ပိုချစ်ပေးကြပါ။ထက်ကြော်ငြာတာတွေကို လည်းအားပေးကြပါလို့ နော်…..🥰” ဆြို ပီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ထက်ထက်မိုးဦးကတော့ လက်ရှိမှာ အွန်လိုင်းကနေ ဈေးရောင်းချခြင်းတို့ကိုလည်း ပြုလုပ်နေလျက်ရှိပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ ထက်ထက်တစ်ယောက် ဘဝမှာ ချစ်ခြင်းမေတ္တာတွေကိုသာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb

Bilie – Cele Connections

error: Alert: Content is protected !!