



ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေနာမည်တပ်ပြီး ဝေဘာဂီဆေးရုံကြီးနဲ့ နာရေးကူညီမှုအသင်းတို့မှာ ညနေစာ လှူဒါန်းပေးခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

နိုင်ငံကျော် ဇနီးမောင်နှံဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလျှောက်လမ်း ကိုယ်စီမှာ အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပြီး ထွန်းလင်းတောက်ပတဲ့ ကြယ်လေးတွေအဖြစ် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ လူငယ်စုံတွဲလေးဖြစ်ပေမယ့် ရင့်ကျက်တည်ငြိမ်ပြီး ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း အမြဲမပြတ်လုပ်ကိုင်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ဒီကနေ့ အောက်တိုဘာလ (၂၉) ရက်နေ့မှာလည်း
ပရိသတ်တွေနာမည်တပ်ပြီး အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူမတို့ရဲ့ အလှူလေးနဲ့ ပက်သတ်ပြီး ရွှေမှုံရတီက “ဒီနေ့သဲ တို့နှစ် ယောက်ရဲ့ပရိတ်သတ်တွေ အတွက်အလှူလေးတစ်ခုလုပ် ထားပါတယ် ❤️🙏🏻🙏🏻🙏🏻ဝေဘာဂီဆေးရုံ ကြီးမှာ ❤️ညနေစာအတွက် ဘဲကင် နှင့် ပုဇွန်ထမင်းကြော် ❤️ ❤️ဘူး၂၀၀ ကို လှူတန်းထားပါတယ် 🙏🏻❤️ လှိုင်သာယာကလေးတွေအတွက် ဘူး ၅၀❤️ နာရေးကူညီမှုအသင်းရန်ကုန် အတွက် ဘူး ၅၀❤️ ထမင်းဘူး၃၀၀လှုတန်းထားပါတယ်ရှင်။ အားလုံးသာဓုခေါ်နိုင်ကြပါစေ🙏🏻🙏🏻🙏🏻 ❤️အစစ အရာရာ လိုလေသေ့မရှိအောင်ကူညီစီစဉ်ပေးတဲ့ ❤️မမေသူကိုကျေးဇူးများကြီးတင်ပါတယ်အမရေ🙏🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ မျှဝေပေးလာပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ သူတို့ရဲ့ ထမင်းရှင် ပရိသတ်များ နာမည်တပ်ပြီး လှူလေးတစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ယောက် အနုပညာလောကမှာ အောင်မြင်မှုတွေ ဒီထက်မက ရရှိပိုင်ဆိုင်ပြီး အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနိုင်သူများ ဖြစ်ကြပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections

error: Alert: Content is protected !!