ထက္ထက္မိုးဦးအတြက္ခ်ည္းပဲ တစ္ရက္ကို ဝတ္စံု(၂) ထည္နႈန္းနဲ့ အလ်င္မွီေအာင္ ခ်ဳပ္လုပ္ေပးေနရတယ္ဆိုတဲ့ ဒီဇိုင္နာျငိမ္းကို

သရုပ္ေဆာင္ အကယ္ဒမီ ထက္ထက္မိုးဦးကေတာ့ တစ္ခ်ိန္က ေၾကာ္ျငာ၊ ဗီဒီယို၊ ရုပ္ရွင္ဇာတ္ကားေတြမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေက်ာ္ၾကားခဲ့ျပီး လက္ရိွမွာလည္း နာမည္ၾကီး လက္ဝတ္ရတနာ၊ အိမ္ျခံေျမ၊ ကား စတဲ့ တန္ဖိုးၾကီးပစၥည္းေတြအတြက္ အြန္လိုင္းကေန ေရာင္းခ်ေပးေနလ်က္ရိွပါတယ္။ ကိုဗစ္ကာလမွာလည္း တစ္ရက္ကို အလုပ္ (၂) ခုစီနဲ့ ေန့ေရာညပါ အလုပ္လုပ္ေနရတဲ့ ထက္ထက္မိုးဦးကို ေနာက္ကြယ္ကေန ပံ့ပိုးကူညီေနတဲ့အထဲမွာ ထက္ထက္ကို အလွဆံုးျဖစ္ေအာင္ ဖန္တီးေပးေနတဲ့ အဝတ္အစား ဒီဇိုင္နာေတြလည္း အပါအဝင္ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ထက္ထက္မိုးဦးအတြက္ အဝတ္အစားေတြကို ဒိုင္ခံခ်ဳပ္လုပ္ေပးေနရတဲ့ ဒီဇိုင္နာ ျငိမ္းကိုက အခုလိုပဲ ေျပာလာပါတယ္။ “လတ္တေလာမထက္လႊင့္သမွ် Live အကုန္ခ်ဳပ္ေပးျဖစ္ေနတာပါ.. မထက္အႀကိဳက္ေတြခ်ည္း ခ်ဳပ္ေပးျဖစ္ၿပီး တေန႔ကို ၂ထည္ႏႈန္းနဲ႔ မထက္ ဝတ္ဖို႔အမွီခ်ဳပ္ရတာျဖစ္လို႔ ခုလို Covid ကာလႀကီးမွာ ပိတ္စဝယ္ရခက္ပီး ဆိုင္ကပိတ္ထားတဲ့ၾကားက လူအင္အားလည္းနည္းတဲ့အတြက္ အခ်ိန္ေပးၿပီးခ်ဳပ္ရတဲ့ ပိုလွတဲ့ဒီဇိုင္းေလးေတြထြက္ဖို႔ ကြၽန္ေတာ္ထပ္ၿပီးႀကိဳးစားေပးပါမယ္ေနာ္ 😉 မထက္ကလည္း ဒီလိုအသားေအးၿပီး ေပ်ာ့အိေလးေတြက သက္ေတာင့္သက္သာရွိေစလို႔ ဒီလိုဒီဇိုင္းထဲကဘဲဖန္တီးေပးျဖစ္တာပါ😊 မထက္ Fans တခ်ိဳ႕အတြက္ေျဖေပးျခင္းပါ✌🏻” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ေျပာလာပါတယ္။

ဒီဇိုင္နာ ျငိမ္းကိုကေတာ့ အျခားအလုပ္ေတြထက္ ထက္ထက္မိုးဦးရဲ့ Live ေတြမွာ အလွဆံုးျဖစ္ေစဖို့ အဝတ္အစားလွလွေလးေတြကို တစ္ရက္ကို ဝတ္စံု(၂) ထည္နႈန္းနဲ့ အလ်င္မွီေအာင္ ခ်ဳပ္လုပ္ေပးေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ဒီဇိုင္နာျငိမ္းကိုရဲ့ ဝတ္စံုေလးေတြနဲ့ အလွဆံုးျဖစ္ေနတဲ့ ထက္ထက္မိုးဦးကို သတိထားမိျပီးသား ေနမွာပါေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nyein Ko’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ထက်ထက်မိုးဦးအတွက်ချည်းပဲ တစ်ရက်ကို ဝတ်စုံ(၂) ထည်နှုန်းနဲ့ အလျင်မှီအောင် ချုပ်လုပ်ပေးနေရတယ်ဆိုတဲ့ ဒီဇိုင်နာငြိမ်းကို

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးကတော့ တစ်ချိန်က ကြော်ငြာ၊ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့ပြီး လက်ရှိမှာလည်း နာမည်ကြီး လက်ဝတ်ရတနာ၊ အိမ်ခြံမြေ၊ ကား စတဲ့ တန်ဖိုးကြီးပစ္စည်းတွေအတွက် အွန်လိုင်းကနေ ရောင်းချပေးနေလျက်ရှိပါတယ်။ ကိုဗစ်ကာလမှာလည်း တစ်ရက်ကို အလုပ် (၂) ခုစီနဲ့ နေ့ရောညပါ အလုပ်လုပ်နေရတဲ့ ထက်ထက်မိုးဦးကို နောက်ကွယ်ကနေ ပံ့ပိုးကူညီနေတဲ့အထဲမှာ ထက်ထက်ကို အလှဆုံးဖြစ်အောင် ဖန်တီးပေးနေတဲ့ အဝတ်အစား ဒီဇိုင်နာတွေလည်း အပါအဝင် ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ထက်ထက်မိုးဦးအတွက် အဝတ်အစားတွေကို ဒိုင်ခံချုပ်လုပ်ပေးနေရတဲ့ ဒီဇိုင်နာ ငြိမ်းကိုက အခုလိုပဲ ပြောလာပါတယ်။ “လတ်တလောမထက်လွှင့်သမျှ Live အကုန်ချုပ်ပေးဖြစ်နေတာပါ.. မထက်အကြိုက်တွေချည်း ချုပ်ပေးဖြစ်ပြီး တနေ့ကို ၂ထည်နှုန်းနဲ့ မထက် ဝတ်ဖို့အမှီချုပ်ရတာဖြစ်လို့ ခုလို Covid ကာလကြီးမှာ ပိတ်စဝယ်ရခက်ပီး ဆိုင်ကပိတ်ထားတဲ့ကြားက လူအင်အားလည်းနည်းတဲ့အတွက် အချိန်ပေးပြီးချုပ်ရတဲ့ ပိုလှတဲ့ဒီဇိုင်းလေးတွေထွက်ဖို့ ကျွန်တော်ထပ်ပြီးကြိုးစားပေးပါမယ်နော် 😉 မထက်ကလည်း ဒီလိုအသားအေးပြီး ပျော့အိလေးတွေက သက်တောင့်သက်သာရှိစေလို့ ဒီလိုဒီဇိုင်းထဲကဘဲဖန်တီးပေးဖြစ်တာပါ😊 မထက် Fans တချို့အတွက်ဖြေပေးခြင်းပါ✌🏻” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

ဒီဇိုင်နာ ငြိမ်းကိုကတော့ အခြားအလုပ်တွေထက် ထက်ထက်မိုးဦးရဲ့ Live တွေမှာ အလှဆုံးဖြစ်စေဖို့ အဝတ်အစားလှလှလေးတွေကို တစ်ရက်ကို ဝတ်စုံ(၂) ထည်နှုန်းနဲ့ အလျင်မှီအောင် ချုပ်လုပ်ပေးနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီဇိုင်နာငြိမ်းကိုရဲ့ ဝတ်စုံလေးတွေနဲ့ အလှဆုံးဖြစ်နေတဲ့ ထက်ထက်မိုးဦးကို သတိထားမိပြီးသား နေမှာပါနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nyein Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!