ခရီးေဝးေရာက္ရိွေနေပမယ့္လည္း မိဘနွစ္ပါးကို မေမ့မေလ်ာ့ Video Call နဲ့ သီတင္းကြ်တ္ကန္ေတာ့ခဲ့တဲ့ ထြန္းထြန္း

တစ္ခ်ိန္က Examplez အဖြဲ့က အဆိုေတာ္ေခ်ာေခ်ာေလးအျဖစ္ မိန္းကေလးပရိသတ္ေတြၾကားမွာ သည္းသည္းလႈပ္အားေပးျခင္းခံခဲ့ရတဲ့ ထြန္းထြန္းက ဒီေန့ဒီအခ်ိန္ထိတိုင္ အနုပညာေလာကမွာ ေအာင္ျမင္စြာ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ထြန္းထြန္းက “အုတ္ၾကားျမက္ေပါက္” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အေကာင္းဆံုးအမ်ိဳးသားဇာတ္ပို့ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရိွခဲ့တဲ့ အကယ္ဒမီ ဆုရွင္တစ္ေယာက္လည္း ျဖစ္လို့ေနျပီ ျဖစ္ပါတယ္။ ထြန္းထြန္းကေတာ့ သူခ်စ္တဲ့ အနုပညာအလုပ္တစ္ခုတည္းကိုသာ စြဲစြဲျမဲျမဲလုပ္ကိုင္ရင္း တစ္ကိုယ္တည္းလူပ်ိဳၾကီးအျဖစ္ ရပ္တည္ေနတာ ျဖစ္ပါတယ္။

အသက္သံုးဆယ္ေက်ာ္အရြယ္ထိ အိမ္ေထာင္မျပဳေသးတဲ့ ထြန္းထြန္းက မိဘနွစ္ပါးရဲ့ တစ္ဦးတည္းေသာသားအျဖစ္ ေက်းဇူးဆပ္ေနဆဲပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ထြန္းထြန္းက ခရီးေဝးေရာက္ရိွေနေပမယ့္လည္း မိဘနွစ္ပါးကို မေမ့မေလ်ာ့ Video Call နဲ့ သီတင္းကြ်တ္ကန္ေတာ့ခဲ့တဲ့အေၾကာင္းကို “ခရီးထြက္ေနရေတာ့ သီတင္းကြၽတ္မွာ ေဖေဖနဲ႔ေမေမကို အေဝးကပဲ Video Call နဲ႔ ပဲကန္ေတာ့ရတာေပါ့ဗ်ာ။ ကြၽန္ေတာ့္ မိဘၿပဳံးေပ်ာ္ေနျခင္းက ကြၽန္ေတာ့္အတြက္ နိဗၺာန္ပဲ.” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားထားတာ ျဖစ္ပါတယ္။

ထြန္းထြန္းကေတာ့ တစ္ဦးတည္းေသာသားပီပီ မိဘနွစ္ပါးရဲ့အခ်စ္ေတြကို ပံုေအာျပီး ရရိွထားသလို သူ့ဘဝရဲ့ အေရးအၾကီးဆံုးကလည္း မိဘနွစ္ပါးသာ ျဖစ္ပါတယ္။ ထြန္းထြန္းတို့ မိသားစုေလး အခုလို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ့ သက္ဆံုးတိုင္ အတူတကြေနထိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htin Aung Tun’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ခရီးဝေးရောက်ရှိနေပေမယ့်လည်း မိဘနှစ်ပါးကို မမေ့မလျော့ Video Call နဲ့ သီတင်းကျွတ်ကန်တော့ခဲ့တဲ့ ထွန်းထွန်း

တစ်ချိန်က Examplez အဖွဲ့က အဆိုတော်ချောချောလေးအဖြစ် မိန်းကလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ်အားပေးခြင်းခံခဲ့ရတဲ့ ထွန်းထွန်းက ဒီနေ့ဒီအချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ထွန်းထွန်းက “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တဲ့ အကယ်ဒမီ ဆုရှင်တစ်ယောက်လည်း ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ သူချစ်တဲ့ အနုပညာအလုပ်တစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲလုပ်ကိုင်ရင်း တစ်ကိုယ်တည်းလူပျိုကြီးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်အရွယ်ထိ အိမ်ထောင်မပြုသေးတဲ့ ထွန်းထွန်းက မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသောသားအဖြစ် ကျေးဇူးဆပ်နေဆဲပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထွန်းထွန်းက ခရီးဝေးရောက်ရှိနေပေမယ့်လည်း မိဘနှစ်ပါးကို မမေ့မလျော့ Video Call နဲ့ သီတင်းကျွတ်ကန်တော့ခဲ့တဲ့အကြောင်းကို “ခရီးထွက်နေရတော့ သီတင်းကျွတ်မှာ ဖေဖေနဲ့မေမေကို အဝေးကပဲ Video Call နဲ့ ပဲကန်တော့ရတာပေါ့ဗျာ။ ကျွန်တော့် မိဘပြုံးပျော်နေခြင်းက ကျွန်တော့်အတွက် နိဗ္ဗာန်ပဲ.” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ထွန်းထွန်းကတော့ တစ်ဦးတည်းသောသားပီပီ မိဘနှစ်ပါးရဲ့အချစ်တွေကို ပုံအောပြီး ရရှိထားသလို သူ့ဘဝရဲ့ အရေးအကြီးဆုံးကလည်း မိဘနှစ်ပါးသာ ဖြစ်ပါတယ်။ ထွန်းထွန်းတို့ မိသားစုလေး အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ သက်ဆုံးတိုင် အတူတကွနေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htin Aung Tun’s fb
Bilie – Cele Connections

error: Alert: Content is protected !!