ခင္ပြန္းျဖစ္သူ ကိုေဇသီဟက ဇနီးမယားထက္ ပိုခ်စ္ရတဲ့ တစ္ေယာက္တည္းေသာသူအေၾကာင္း ေျပာျပလာတဲ့ နႏၵာလႈိင္

ဇင္ေယာ္ေတာင္ မ်က္ခုံး၊ မ်က္လုံးေလးနဲ႔ အရမ္းလွတဲ့ မင္းသမီးေခ်ာေလး နႏၵာလႈိင္ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့ၿပီး အကယ္ဒမီဆုေတြကိုလည္း လက္ဝယ္ပိုင္ဆိုင္ႏိုင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ နႏၵာလႈိင္က အိမ္ေထာင္ရွင္မႀကီးတစ္ေယာက္ ျဖစ္သြားခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြကို လုံးဝရပ္နားလိုက္ၿပီး မိသားစုေလးအတြက္သာ အခ်ိန္ေပးဂ႐ုစိုက္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ နႏၵာလႈိင္က သူမကိုလိုေလေသးမရွိ ဂ႐ုစိုက္ၿပီး ၾကင္နာမႈအျပည့္ေပးတဲ့ ခင္ပြန္း ကိုေဇသီဟ၊ ခ်စ္စရာေကာင္းၿပီး လိမၼာေရးျခားရွိတဲ့ သမီးသုံးေယာက္နဲ႔ သာယာေအးခ်မ္းတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။

နႏၵာလႈိင္ကေတာ့ အိေထာင္ေရးမွာ ကံေကာင္းသူတစ္ေယာက္ပီပီ သူမရဲ႕ ခင္ပြန္း ကိုေဇသီဟကလည္း သူမရဲ႕ မိသားစုဝင္ေတြအေပၚမွာ အရမ္းခ်စ္ၿပီး အထူးသျဖင့္ သူမရဲ႕ေမာင္ေလး ေမာင့္အေပၚမွာ ညီအရင္းေလးသဖြယ္ သေဘာထားတာပဲ ျဖစ္ပါတယ္။ ကိုေဇသီဟနဲ႔ ေမာင္ကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေဆးထိုးစေနာက္ေလ့ရွိတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ကိုေဇသီဟက ေမာင့္အေၾကာင္းကို တခမ္းတနားေရးၿပီး ေဆးထိုးထားတာေၾကာင့္ နႏၵာလႈိင္က “ကိုယ့္ေယာက်ာ္းက မိန္းမထက္ စိန္စိန္႔ကို ပိုခ်စ္တယ္” ဆိုျပီး အရႊန္းေဖာက္ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

နႏၵာလိႈင့္ရဲ့ ေမာင္ေလး ေမာင္ကေတာ့ တစ္ဦးတည္းေသာသားပီပီ ေယာက္ဖျဖစ္သူ ကိုေဇသီဟအေပၚ အရမ္းသံေယာဇဥ္ၾကီးရွာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nandar Hlaing’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ခင်ပွန်းဖြစ်သူ ကိုဇေသီဟက ဇနီးမယားထက် ပိုချစ်ရတဲ့ တစ်ယောက်တည်းသောသူအကြောင်း ပြောပြလာတဲ့ နန္ဒာလှိုင်

ဇင်ယော်တောင် မျက်ခုံး၊ မျက်လုံးလေးနဲ့ အရမ်းလှတဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အကယ်ဒမီဆုတွေကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နန္ဒာလှိုင်က အိမ်ထောင်ရှင်မကြီးတစ်ယောက် ဖြစ်သွားချိန်မှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး မိသားစုလေးအတွက်သာ အချိန်ပေးဂရုစိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန္ဒာလှိုင်က သူမကိုလိုလေသေးမရှိ ဂရုစိုက်ပြီး ကြင်နာမှုအပြည့်ပေးတဲ့ ခင်ပွန်း ကိုဇေသီဟ၊ ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးသုံးယောက်နဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ အိထောင်ရေးမှာ ကံကောင်းသူတစ်ယောက်ပီပီ သူမရဲ့ ခင်ပွန်း ကိုဇေသီဟကလည်း သူမရဲ့ မိသားစုဝင်တွေအပေါ်မှာ အရမ်းချစ်ပြီး အထူးသဖြင့် သူမရဲ့မောင်လေး မောင့်အပေါ်မှာ ညီအရင်းလေးသဖွယ် သဘောထားတာပဲ ဖြစ်ပါတယ်။ ကိုဇေသီဟနဲ့ မောင်ကလည်း တစ်ယောက်နဲ့တစ်ယောက် ဖေ့စ်ဘုတ်စာမျက်နှာကနေ ဆေးထိုးစနောက်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ကိုဇေသီဟက မောင့်အကြောင်းကို တခမ်းတနားရေးပြီး ဆေးထိုးထားတာကြောင့် နန္ဒာလှိုင်က “ကိုယ့်ယောကျာ်းက မိန်းမထက် စိန်စိန့်ကို ပိုချစ်တယ်” ဆိုပြီး အရွှန်းဖောက်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင့်ရဲ့ မောင်လေး မောင်ကတော့ တစ်ဦးတည်းသောသားပီပီ ယောက်ဖဖြစ်သူ ကိုဇေသီဟအပေါ် အရမ်းသံယောဇဉ်ကြီးရှာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nandar Hlaing’s fb
Bilie – Cele Connections

error: Alert: Content is protected !!