က်န္းမာေရးအေျခအေနအရ ေဆးရံုတက္ေနရေပမယ့္ နိုင္ငံသားတစ္ေယာက္ရဲ့ တာဝန္ကိုေက်ပြန္ေအာင္ေဆာင္ရြက္မယ္ဆိုတဲ့ ေက်ာ္သူ

မင္းသားၾကီး ေက်ာ္သူကေတာ့ အနုပညာနဲ့ ပက္သတ္လာရင္ သူမ်ားထက္ပိုျပီး ဝါသနာပါသလုိ ပရဟိတစိတ္လည္း ျပင္းထန္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေက်ာ္သူက လက္ရိွမွာေတာ့ Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရတာေၾကာင့္ ေဝဘာဂီေဆးရံုၾကီးမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေက်ာ္သူက က်န္းမာေရးအေျခအေနအရ ေဆးရံုတက္ေနရေပမယ့္ နိုင္ငံသားတစ္ေယာက္နဲ့ တာဝန္ကိုေက်ပြန္မယ္ဆိုတဲ့ အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“အမွန္တစ္ကယ္ ဒီေန႔(၂၉-၁၀-၂၀၂၀) ရက္ေန႔ ဒီအခ်ိန္ ေလာက္ဆိုရင္ ကြၽန္ေတာ္ တို႔ ႀကိဳတင္စာရင္းေပးထားလို႔ အိမ္ေရွ႕မွာ ရပ္ကြက္မႉး၊ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕၊မဲဆႏၵအဖြဲ႕ စသည့္အဖြဲ႕ေတြနဲ႔ စံနစ္တက် ႀကိဳတင္မဲ ရဲရဲေတာက္ေပးၿပီးေလာက္ၿပီ။ ခုေတာ့ ေဆး႐ုံေရာက္ေနေတာ့ကာ….။ေဆး႐ုံအုပ္ခ်ဳပ္ေရးအဖြဲ႕မွလည္းစီစဥ္ ေပးထားပါတယ္။ အိမ္မွာပဲ ေရာက္ေရာက္၊ ျပည္ပပဲ ေရာက္ေရာက္၊ ေဆး႐ုံပဲ ေရာက္ေရာက္ ဘယ္ကိုပဲ ေရာက္ေရာက္ မဲဆႏၵကို ရဲရဲေတာက္ေပးရမွာက ကြၽန္ေတာ္တို႔တာဝန္ျဖစ္ေပသည္။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝလာပါတယ္။

ေက်ာ္သူကေတာ့ နိုင္ငံသားတစ္ေယာက္ရသင့္တဲ့ အခြင့္အေရးတစ္ခုကို ေသေသခ်ာခ်ာ အသံုးခ်သြားမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကျန်းမာရေးအခြေအနေအရ ဆေးရုံတက်နေရပေမယ့် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကိုကျေပွန်အောင်ဆောင်ရွက်မယ်ဆိုတဲ့ ကျော်သူ

မင်းသားကြီး ကျော်သူကတော့ အနုပညာနဲ့ ပက်သတ်လာရင် သူများထက်ပိုပြီး ဝါသနာပါသလို ပရဟိတစိတ်လည်း ပြင်းထန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်သူက လက်ရှိမှာတော့ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက ကျန်းမာရေးအခြေအနေအရ ဆေးရုံတက်နေရပေမယ့် နိုင်ငံသားတစ်ယောက်နဲ့ တာဝန်ကိုကျေပွန်မယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“အမှန်တစ်ကယ် ဒီနေ့(၂၉-၁၀-၂၀၂၀) ရက်နေ့ ဒီအချိန် လောက်ဆိုရင် ကျွန်တော် တို့ ကြိုတင်စာရင်းပေးထားလို့ အိမ်ရှေ့မှာ ရပ်ကွက်မှူး၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊မဲဆန္ဒအဖွဲ့ စသည့်အဖွဲ့တွေနဲ့ စံနစ်တကျ ကြိုတင်မဲ ရဲရဲတောက်ပေးပြီးလောက်ပြီ။ ခုတော့ ဆေးရုံရောက်နေတော့ကာ….။ဆေးရုံအုပ်ချုပ်ရေးအဖွဲ့မှလည်းစီစဉ် ပေးထားပါတယ်။ အိမ်မှာပဲ ရောက်ရောက်၊ ပြည်ပပဲ ရောက်ရောက်၊ ဆေးရုံပဲ ရောက်ရောက် ဘယ်ကိုပဲ ရောက်ရောက် မဲဆန္ဒကို ရဲရဲတောက်ပေးရမှာက ကျွန်တော်တို့တာဝန်ဖြစ်ပေသည်။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

ကျော်သူကတော့ နိုင်ငံသားတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတစ်ခုကို သေသေချာချာ အသုံးချသွားမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!