ျမင္သူတိုင္းက လွပေၾကာင္းတဖြဖြေျပာယူရတဲ့အထိ ေရႊဝါေရာင္သတို့သမီးဝတ္စံုေလးနဲ့ ေဒါင္းမေလးသဖြယ္က်က္သေရရိွေနတဲ့ ဝတ္မႈံေရႊရည္

နုိင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဝတ္မႈံေရႊရည္ကေတာ့ (၁၇) နွစ္သမီးအရြယ္ကတည္းက ေၾကာ္ျငာေတြရိုက္ကူးရင္း အနုပညာေလာကထဲကို ဝင္ေရာက္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္ကေတာ့ အခုဆိုရင္ အသက္ (၃၂) နွစ္ေက်ာ္အရြယ္ အပ်ိဳၾကီးစာရင္းဝင္ေနခဲ့ျပီဆိုေပမယ့္ အိမ္ေထာင္မျပဳေသးပဲ အနုပညာအလုပ္ေတြကိုသာ အာရံုစိုက္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ဝတ္မႈံေရႊရည္ကို အိမ္ေထာင္မျပဳပဲ အပ်ိဳၾကီးတစ္ေယာက္အျဖစ္သာ ျမင္ခ်င္ၾကတယ္လို့ ဝတ္မႈံေရႊရည္က သူမရဲ့ အင္တာဗ်ဴးေတြမွာ ေျဖၾကားေလ့ရိွပါတယ္။

ဒါေပမယ့္ သရုပ္ေဆာင္ မင္းသမီးတစ္ေယာက္ပီပီ ရာသီအလိုက္ ေၾကာ္ျငာေလးေတြကို လက္ခံရိုက္ကူးရတဲ့ ဝတ္မႈံေရႊရည္က အခုလို ဝါကြ်တ္ခါနီးကာလမွာလည္း သတို့သမီးဝတ္စံုေလးေတြကို ေၾကာ္ျငာေပးေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ဝတ္မႈံေရႊရည္က ဒီဇိုင္နာမင္းသက္စံရဲ့ ေရြဝါေရာင္သတို့သမီးဝတ္စံုေလးနဲ့ ေရႊေရာင္ေဒါင္းမေလးလို လွေနတာကို ေတြ့ရျပန္ပါတယ္။

ဝတ္မႈံေရႊရည္ရဲ့ ပိုစ့္ေအာက္မွာေတာ့ ပရိသတ္ေတြက လွလိုက္တာဆိုျပီး တဖြဖြေျပာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ အပ်ိဳၾကီးဝတ္မႈံေရႊရည္ကို ေၾကာ္ျငာမဟုတ္ပဲ အျပင္မွာ သတို့သမီးဝတ္စံုေလးနဲ့ ျမင္ခ်င္ၾကျပီလား ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မြင်သူတိုင်းက လှပကြောင်းတဖွဖွပြောယူရတဲ့အထိ ရွှေဝါရောင်သတို့သမီးဝတ်စုံလေးနဲ့ ဒေါင်းမလေးသဖွယ်ကျက်သရေရှိနေတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ (၁၇) နှစ်သမီးအရွယ်ကတည်းက ကြော်ငြာတွေရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အခုဆိုရင် အသက် (၃၂) နှစ်ကျော်အရွယ် အပျိုကြီးစာရင်းဝင်နေခဲ့ပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ အနုပညာအလုပ်တွေကိုသာ အာရုံစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝတ်မှုံရွှေရည်ကို အိမ်ထောင်မပြုပဲ အပျိုကြီးတစ်ယောက်အဖြစ်သာ မြင်ချင်ကြတယ်လို့ ဝတ်မှုံရွှေရည်က သူမရဲ့ အင်တာဗျူးတွေမှာ ဖြေကြားလေ့ရှိပါတယ်။

ဒါပေမယ့် သရုပ်ဆောင် မင်းသမီးတစ်ယောက်ပီပီ ရာသီအလိုက် ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးရတဲ့ ဝတ်မှုံရွှေရည်က အခုလို ဝါကျွတ်ခါနီးကာလမှာလည်း သတို့သမီးဝတ်စုံလေးတွေကို ကြော်ငြာပေးနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဝတ်မှုံရွှေရည်က ဒီဇိုင်နာမင်းသက်စံရဲ့ ရွေဝါရောင်သတို့သမီးဝတ်စုံလေးနဲ့ ရွှေရောင်ဒေါင်းမလေးလို လှနေတာကို တွေ့ရပြန်ပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ ပိုစ့်အောက်မှာတော့ ပရိသတ်တွေက လှလိုက်တာဆိုပြီး တဖွဖွပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော အပျိုကြီးဝတ်မှုံရွှေရည်ကို ကြော်ငြာမဟုတ်ပဲ အပြင်မှာ သတို့သမီးဝတ်စုံလေးနဲ့ မြင်ချင်ကြပြီလား ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections

error: Alert: Content is protected !!