အသက္ (၂၀) ျပည့္ေမြးေန႔မွာ ဖြားဖြားႀကီးခ်ိဳၿပဳံးနဲ႔အတူတူ ကိုယ္တိုင္မုန့္ဖုတ္ၿပီး ဘုန္းၾကီးေက်ာင္း လႉဒါန္းျဖစ္ပုံေလးကို မွ်ေဝေပးလာတဲ့ ဝင္းခန႔္မိုး

အကယ္ဒမီမ်ားရွင္ မင္းသမီးႀကီးလည္းျဖစ္သလို ႏိုင္ငံေက်ာ္ ေတးသံရွင္တစ္ေယာက္ျဖစ္တဲ့ ခ်ိဳၿပဳံးကေတာ့ ဒီေန႔ဒီအခ်ိန္ထိ ပရိသတ္ေတြၾကားထဲ လႊမ္းမိုးမႈရွိေနဆဲ မင္းသမီးတစ္လက္ပဲ ျဖစ္ပါတယ္။ ခ်ိဳၿပဳံးရဲ႕ ေျမးေလး ဝင္းခန႔္မိုးကလည္း အခုဆိုရင္ အႏုပညာနယ္ပယ္ထဲကို ေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦး႐ိုက္ကူးတဲ့ “လရဲ႕ေအာက္ဘက္မိုင္အေဝး”၊ “Yagon In Love” စတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ ခ်ိဳၿပဳံးကလည္း အႏုပညာေလာကမွာ ဝါႏုေသးတဲ့ ေျမးေလးကို လမ္းေၾကာင္းမွန္ေပၚေရာက္ရွိေစဖို႔ နံေဘးကေန တည့္မတ္သင္ၾကားေပးေနတာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၂၅) ရက္ေန႔ကေတာ့ ဝင္းခန႔္မိုးရဲ႕ အသက္ (၂၀) ျပည့္ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ဝင္းခန႔္မိုးက သူ႔ရဲ႕ေမြးေန႔မွာ ဘုန္းႀကီးေက်ာင္းလႉဖို႔ အဖြားျဖစ္သူ ခ်ိဳၿပဳံးနဲ႔အတူတူ အတူတကြ ေပါင္မုန႔္ဖုတ္ခဲ့တဲ့ ဗီဒီယိုေလးကို သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာပါတယ္။ ပရိသတ္ႀကီးအတြက္ ဝင္းခန႔္မိုးနဲ႔ ခ်ိဳၿပဳံးတို႔ ေျမးအဖြားႏွစ္ေယာက္ရဲ႕ တက္ညီလက္ညီ မုန႔္ဖုတ္ၾကတဲ့ ဗီဒီယိုေလးကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

ဝင္းခန႔္မိုးကေတာ့ အသက္ငယ္ေပမယ့္ လႉခ်င္တန္းခ်င္စိတ္အျပည့္ရွိၿပီး အလႉအတန္းေတြကို အၿမဲတမ္း ျပဳလုပ္တတ္တဲ့ လူငယ္ေလးတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဝင္းခန႔္မိုးရဲ႕ လုပ္အားဒါနပါပါတဲ့ အလႉေလးကိုၾကည့္ၿပီး ထပ္တူပီတိျဖစ္ ဝမ္းသာေနမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Win Khant Moe – ဝင္းခန႔္မိုး’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အသက် (၂၀) ပြည့်မွေးနေ့မှာ ဖွားဖွားကြီးချိုပြုံးနဲ့အတူတူ ကိုယ်တိုင်မုန့်ဖုတ်ပြီး ဘုန်းကြီးကျောင်း လှူဒါန်းဖြစ်ပုံလေးကို မျှဝေပေးလာတဲ့ ဝင်းခန့်မိုး

အကယ်ဒမီများရှင် မင်းသမီးကြီးလည်းဖြစ်သလို နိုင်ငံကျော် တေးသံရှင်တစ်ယောက်ဖြစ်တဲ့ ချိုပြုံးကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကြားထဲ လွှမ်းမိုးမှုရှိနေဆဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ချိုပြုံးရဲ့ မြေးလေး ဝင်းခန့်မိုးကလည်း အခုဆိုရင် အနုပညာနယ်ပယ်ထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ “လရဲ့အောက်ဘက်မိုင်အဝေး”၊ “Yagon In Love” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ချိုပြုံးကလည်း အနုပညာလောကမှာ ဝါနုသေးတဲ့ မြေးလေးကို လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေဖို့ နံဘေးကနေ တည့်မတ်သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၅) ရက်နေ့ကတော့ ဝင်းခန့်မိုးရဲ့ အသက် (၂၀) ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝင်းခန့်မိုးက သူ့ရဲ့မွေးနေ့မှာ ဘုန်းကြီးကျောင်းလှူဖို့ အဖွားဖြစ်သူ ချိုပြုံးနဲ့အတူတူ အတူတကွ ပေါင်မုန့်ဖုတ်ခဲ့တဲ့ ဗီဒီယိုလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။ ပရိသတ်ကြီးအတွက် ဝင်းခန့်မိုးနဲ့ ချိုပြုံးတို့ မြေးအဖွားနှစ်ယောက်ရဲ့ တက်ညီလက်ညီ မုန့်ဖုတ်ကြတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

ဝင်းခန့်မိုးကတော့ အသက်ငယ်ပေမယ့် လှူချင်တန်းချင်စိတ်အပြည့်ရှိပြီး အလှူအတန်းတွေကို အမြဲတမ်း ပြုလုပ်တတ်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝင်းခန့်မိုးရဲ့ လုပ်အားဒါနပါပါတဲ့ အလှူလေးကိုကြည့်ပြီး ထပ်တူပီတိဖြစ် ဝမ်းသာနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Win Khant Moe – ဝင်းခန့်မိုး’s fb
Bilie – Cele Connections

error: Alert: Content is protected !!