



Source: Kyaw Kyaw Bo ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဝိုင်ရောင်းနေတာကို ဝိုင်ကလွဲပြီး ဝတ်ထားတဲ့အဝတ်အစားကအစ အတင်းဝယ်နေတဲ့ ပြေတီဦးအကြောင်းကိုပြောလာတဲ့ ကျော်ကျော်ဗို

နိုင်ငံကျော် အနုပညာရှင်များဖြစ်ကြတဲ့ ကျော်ကျော်ဗိုနဲ့ ပြေတီဦးကတော့ အကယ်ဒမီဆုတွေများစွာကို အသီးသီးရရှိထားတဲ့ မင်းသားချောတွေ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ ကျော်ကျော်ဗိုက အနုပညာအလုပ်တွေကိုလည်း အတူတူတွဲဖက်လုပ်ကိုင်ကြသလို အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြေတီဦးနဲ့ ကျော်ကျော်ဗိုတို့က ကိုယ်ပိုင်မိသားစုတွေကိုယ်စီနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ ကျော်ကျော်ဗိုက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး နိုင်ငံခြားဖြစ်ဝိုင်တွေကို Live လွှင့်ပြီးရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပြေတီဦးကလည်း သူငယ်ချင်း ကျော်ကျော်ဗိုရဲ့ ဈေးရောင်းပွဲတော်ကို အားပေးနေခဲ့ပေမယ့် ဝိုင်ရောင်းနေတာကို ဝိုင်ကလွဲပြီး ဝတ်ထားတဲ့အဝတ်အစားကအစ နောက်ပြောင်ပြီး အတင်းဝယ်နေခဲ့တာကြောင့် ကျော်ကျော်ဗိုက အခုလိုပဲ ပြောလာတာကို တွေ့ရပါတယ်။

ပြေတီဦးကတော့ ဈေးရောင်းနေတဲ့ သူငယ်ချင်းရဲ့ ပို့စ်အောက်မှာ ပေါက်ကရတွေပြောပြီး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြေတီဦးနဲ့ ကျော်ကျော်ဗိုတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဖြစ်ပုံကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Kyaw Bo ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!