



Source: May Thu ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရင်ခွင်ထဲမှာ အိပ်နေရင်း အသံတိတ်လက်နက်နဲ့ ဗုံးကြဲလိုက်တဲ့ မြေးလေး Liam ကြောင့် ရယ်ရခက် ငိုရခက်ဖြစ်နေတဲ့ လွင်မိုးရဲ့ ဗီဒီယို

အကယ်ဒမီမင်းသားကြီး လွင်မိုးကတော့ အနုပညာ၊ စီးပွားရေး၊ လူမှုရေး၊ မိသားစု အစစအရာရာမှာ လိုလေသေးမရှိ ပြီးပြည့်စုံသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လွင်မိုးကတော့ သမီးချောနှစ်ယောက်ကိုသာ ပိုင်ဆိုင်ထားခဲ့ရာ အခုဆိုရင် ပထမဦးဆုံး မြေးယောကျာ်း Liam ကြောင့် ပိုပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Liam လေးကလည်း အဖေ၊ အမေထက် အဘိုး၊ အဘွားတွေနဲ့သာ အနေများတာကြောင့် ဘိုးဘိုး၊ ဘွားဘွားတွေဆို မျက်စိအောက်က အပျောက်မခံတဲ့အထိ ချစ်တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Liam လေးရဲ့ ဘွားဘွားမေသူက Liam တို့ မြေးအဘိုးနှစ်ယောက်ရဲ့ ဖြစ်ပုံကို ဗီဒီယိုလေးနဲ့တကွ ပြသလာခဲ့ပါတယ်။ Liam လေးက ဘိုးဘိုးကြီးလွင်မိုးရဲ့ ရင်ခွင်ထဲမှာ အိပ်နေရင်းတန်းလန်းနဲ့ အသံတိတ်လက်နက်နဲ့ ဗုံးကြဲလိုက်တာကြောင့် ဘိုးဘိုးကြီးလွင်မိုးခမျာ ရယ်ရခက် ငိုရခက်ဖြစ်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

ဘိုးဘိုးကြီး လွင်မိုးကတော့ မြေးလေးရဲ့ ဗုံးကြောင့် ရယ်ရမလို ငိုရမလိုဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွင်မိုးတို့ မြေးအဖိုးနှစ်ယောက်ရဲ့ ဖြစ်ပုံကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Thu ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!