


 


 

Source: Shwe Htoo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ရဲ့ အာရုံစိုက်သတိထားခြင်းခံနေရတဲ့ ရွှေထူး

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ ပရိသတ်တွေနဲ့ ခံစားချက်ချင်းတိုက်ဆိုင်တဲ့ အချစ်၊ အလွမ်း၊ အဆွေး စတဲ့ သီချင်းလေးတွေကို ကိုယ်တိုင်ဖန်တီးသီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ရွှေထူးက သရုပ်ဆောင်နယ်ပယ်အထိပါ ခြေဆန့်လာခဲ့ပြီး “ပက်ပက်စက်စက်ညှို့”၊ “ဧည့်သည်”၊ “ဒဏ္ဍာရီမိုး” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပရိသတ်အားပေးမှုကို ရရှိခဲ့သလို နောက်ပိုင်းမှာလည်း “ကမ်း”၊ “စစ်ကား”၊ “စတုတ္ထမြောက်သွေးကြောမျှင်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

တစ်နေ့တစ်ခြား အောင်မြင်မှုတွေရရှိလာတာနဲ့အမျှ ပရိသတ်တွေ စိတ်ဝင်စားခြင်းခံနေရတဲ့ ရွှေထူးကတော့ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ရဲ့ အာရုံစိုက်သတိထားခြင်းခံနေရတာကို တွေ့ရပါတယ်။ Sinon က ရွှေထူးရဲ့ ဖေ့စ်ဘုတ်ပိုစ့်အောက်မှာ “😍😍😍” ဆိုပြီး အသည်းပုံ Emoji လေးတွေပေးကာ ရွှေထူးတစ်ယောက် သတိထားမိစေဖို့ ကောမန့်ပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

Sinon ကတော့ ဘယ်သူ့ကိုမဆို ချစ်တတ်သူဖြစ်ပြီး မြန်မာအနုပညာရှင်များကိုလည်း ရင်းရင်းနှီးနှီး ဆက်ဆံသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Htoo’s fb
Bilie – Cele Connections

error: Alert: Content is protected !!