ခင္ပြန္းျဖစ္သူ ေနလင္းေက်ာ္ကို အရမ္းလြမ္းေနေပမယ့္ ကြာရွင္းရမယ့္အခ်ိန္တစ္ခုကိုသာ ေစာင့္ဆိုင္းေနတယ္ဆိုျပီး ရင္ဖြင့္လာတဲ့ ဇာဇာထက္

နုိင္ငံေက်ာ္ ေမာ္ဒယ္တစ္ေယာက္ျဖစ္တဲ့ ဇာဇာထက္ကေတာ့ လက္ရိွမွာ သူမဝါသနာပါရာ အနုပညာအလုပ္ေတြကို ေဇာက္ခ်လုပ္ကိုင္ရင္း တစ္ဖက္မွာလည္း ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြကိုလည္း လုပ္ကိုင္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဇာဇာထက္ကေတာ့ ပြင့္ပြင့္လင္းလင္းေနထိုင္တတ္သူတစ္ေယာက္ပီပီ သူမရဲ့ အတြင္းေရးကိစၥေတြနဲ့ပက္သတ္ျပီးလည္း ပရိသတ္ေတြကို တစ္ခုမက်န္ေျပာျပခဲ့ျပီးျပီပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ဇာဇာထက္က သူမရဲ့ခင္ပြန္း ေနလင္းေက်ာ္နဲ့ ပက္သတ္ျပီး ခံစားေနရတဲ့ စိတ္ခံစားခ်က္အခ်ိဳ့ကုိ အခုလိုပဲ ရင္ဖြင့္ေျပာျပလာတာကို ေတြ့ရပါတယ္။

“ငါနင့္ကို အရမ္းလြမ္းေနတယ္ဆိုတာ ဝန္ခံပါတယ္။ ဒါေပမယ့္ ဒါေတြက ဒီဘဝမွာ ဘယ္ေတာ့မွျဖစ္လာေတာ့မွာမဟုတ္ပါဘူး။ ငါက နင့္အတြက္ အေကာင္းဆံုးဆိုတာေတြကိုပဲ ျဖည့္ဆည္းေပးခ်င္ခဲ့ေပမယ့္ နင္ကေတာ့ ငါ့အတြက္ ခင္ပြန္းေကာင္းတစ္ေယာက္ မျဖစ္ခဲ့ဘူး။ ငါ့ရဲ့တန္ဖိုးကို မသိတဲ့ အျခားလူရင္ခြင္မွာ ေအးခ်မ္းစြာရိွေနပါေစလို့ပဲ ဆုေတာင္းပါတယ္။ အခု ငါနင္နဲ့ ကြာရွင္းလို့ရနိုင္မယ့္ အခ်ိန္တစ္ခုကို ေစာင့္ဆိုင္းေနတာပါ။ နင္နဲ့ ပက္သတ္ခဲ့ဖူးတဲ့ အတိတ္ေဟာင္းေတြကိုလည္း ေမ့ပစ္ခ်င္လွျပီ။ ငါတို့ရဲ့ ဇာတ္လမ္းကေတာ့ အားလံုး အဆံုးသတ္သြားျပီ။ ငါ့က ငါ့အတြက္ ေကာင္းက်ိဳးမေပးတဲ့ အဆိပ္ကိုမွ ေရြးခ်ယ္ခဲ့မိတယ္။ အဲ့ဒီအဆိပ္ဆိုတာလည္း အျခားမဟုတ္ပဲ နင္ပဲ..” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားထားပါတယ္။

ေနလင္းေက်ာ္ကေတာ့ လက္ရိွမွာ ပုဒ္မ (၃၇၇) နဲ့ တရားစြဲဆိုခံရျပီး အခ်ဳပ္က်ေနတာပဲ ျဖစ္ျပီး ဇာဇာထက္ကလည္း ေနလင္းေက်ာ္နဲ့ ကြာရွင္းလို့ရနိုင္မယ့္ အခ်ိန္ကို ေစာင့္ဆိုင္းေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Zar Htet’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ခင်ပွန်းဖြစ်သူ နေလင်းကျော်ကို အရမ်းလွမ်းနေပေမယ့် ကွာရှင်းရမယ့်အချိန်တစ်ခုကိုသာ စောင့်ဆိုင်းနေတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ ဇာဇာထက်

နိုင်ငံကျော် မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဇာဇာထက်ကတော့ လက်ရှိမှာ သူမဝါသနာပါရာ အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဇာဇာထက်ကတော့ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူတစ်ယောက်ပီပီ သူမရဲ့ အတွင်းရေးကိစ္စတွေနဲ့ပက်သတ်ပြီးလည်း ပရိသတ်တွေကို တစ်ခုမကျန်ပြောပြခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဇာဇာထက်က သူမရဲ့ခင်ပွန်း နေလင်းကျော်နဲ့ ပက်သတ်ပြီး ခံစားနေရတဲ့ စိတ်ခံစားချက်အချို့ကို အခုလိုပဲ ရင်ဖွင့်ပြောပြလာတာကို တွေ့ရပါတယ်။

“ငါနင့်ကို အရမ်းလွမ်းနေတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် ဒါတွေက ဒီဘဝမှာ ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူး။ ငါက နင့်အတွက် အကောင်းဆုံးဆိုတာတွေကိုပဲ ဖြည့်ဆည်းပေးချင်ခဲ့ပေမယ့် နင်ကတော့ ငါ့အတွက် ခင်ပွန်းကောင်းတစ်ယောက် မဖြစ်ခဲ့ဘူး။ ငါ့ရဲ့တန်ဖိုးကို မသိတဲ့ အခြားလူရင်ခွင်မှာ အေးချမ်းစွာရှိနေပါစေလို့ပဲ ဆုတောင်းပါတယ်။ အခု ငါနင်နဲ့ ကွာရှင်းလို့ရနိုင်မယ့် အချိန်တစ်ခုကို စောင့်ဆိုင်းနေတာပါ။ နင်နဲ့ ပက်သတ်ခဲ့ဖူးတဲ့ အတိတ်ဟောင်းတွေကိုလည်း မေ့ပစ်ချင်လှပြီ။ ငါတို့ရဲ့ ဇာတ်လမ်းကတော့ အားလုံး အဆုံးသတ်သွားပြီ။ ငါ့က ငါ့အတွက် ကောင်းကျိုးမပေးတဲ့ အဆိပ်ကိုမှ ရွေးချယ်ခဲ့မိတယ်။ အဲ့ဒီအဆိပ်ဆိုတာလည်း အခြားမဟုတ်ပဲ နင်ပဲ..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

နေလင်းကျော်ကတော့ လက်ရှိမှာ ပုဒ်မ (၃၇၇) နဲ့ တရားစွဲဆိုခံရပြီး အချုပ်ကျနေတာပဲ ဖြစ်ပြီး ဇာဇာထက်ကလည်း နေလင်းကျော်နဲ့ ကွာရှင်းလို့ရနိုင်မယ့် အချိန်ကို စောင့်ဆိုင်းနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zar Htet’s fb
Bilie – Cele Connections

error: Alert: Content is protected !!