



Source: May Thu’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မြူးကြွတဲ့ သီချင်းလေးအတိုင်း စည်းချက်ကျကျကခုန်ပြီး သီချင်းလေးတွေလိုက်ဆိုနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam ရဲ့ ချစ်စဖွယ် ဗီဒီယို

နိုင်ငံကျော် မင်းသားကြီး လွင်မိုးရဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို တိုးပြီး ရရှိထားသူပါ။ ယွန်းဝတီလွင်မိုးရဲ့ ချစ်စရာကောင်းတဲ့ သားချောလေး Liam ကလည်း ဖိုးဖိုးကြီးလွင်မိုးနဲ့ တစ်ထေရာတည်းတူသူလေးဖြစ်ပြီး ပရိသတ်တွေ ချစ်ရတဲ့ ချစ်မွှေးလေး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မေမေယွန်းဝတီလွင်မိုးလိုနဲ့ ဖိုးဖိုးကြီးလွင်မိုးလိုပဲ Liam လေးကလည်း ပရိသတ်တွေရဲ့ အချစ်မေတ္တာတွေကို အပြည့်အဝ ရရှိနေတာ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား အရွယ်ရောက်ကြီးပြင်းလာခဲ့ပြီး အခုဆိုရင် (၂) နှစ်ကျော်အရွယ်ရောက်နေပြီဖြစ်တဲ့ Liam လေးကတော့ ပရိသတ်တွေ အသည်းယားဖွယ် အမူအယာလေးတွေကိုလည်း လုပ်တတ်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Liam က မြူးကြွတဲ့ သီချင်းလေးအတိုင်း မြူးတူးကခုန်ကာ အသည်းယားဖို့ကောင်းနေကို Liam လေးရဲ့ ဖွားဖွားမေသူက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အခုလိုပဲ မျှဝေပေးထားပါတယ်။

Liam လေးကတော့ ပရိသတ်တွေ မချစ်ပဲ မနေနိုင်လောက်အောင်ကို အရမ်းချစ်ဖို့ ကောင်းလွန်းလှပါတယ်။ ပရိသတ်ကြီးလည်း ယွန်းဝတီလွင်မိုးရဲ့ သားလေးကိုကြည့်ပြီး အရမ်းအသည်းယားနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!